Part - ( 1 ) 💙

65.5K 2.1K 129
                                    

Unicode 💙

Dubaiမြို့၏ Al Wasl လမ်းမကြီးပေါ်တွင် ကားတစ်စီးကအရှိန်နဲ့ မောင်းလာလေသည်။ကားကအနီရောင်တောက်တောက်open roofအမျိုးအစားနှင့်ထိုကား တဝှီဝှီနဲ့ မောင်းနှင်နေတာများ လမ်းအားသူပိုင်သလို....။

“ဒုန်း!!”

ပြောလို့ပင်မဆုံး မီးပွိုင့်မိလို့ ရပ်နေတဲ့ ရှေ့ကားကိုဝင်အောင်းလိုက်လေတဲ့ ထိုအနီရောင်ကားး...၊

အရှေ့ကားက လူကဆင်းကာ ရန်တွေတော့ပြီ

“Ta mashinaa kherkhen joloodoj baisan be?”
(မင်းကားကိုဘယ်လိုမောင်းလာတာလဲ)

ရှေ့ကားကလူအော်တော့ ကားအပြင်ဘက်ကိုခေါင်းလေးစောင်းကြည့်လိုက်တဲ့အခါ

“Gerlen dokhio kharagdakhgüi baina uu?”
(မီးပွိုင့်ရှိနေတာတောင်မမြင်ဘူးလား ဟမ်?)

ကားထဲက ပုဂ္ဂိုလ်ကတော့ လေလေးတစ်ချွန်ချွန်နဲ့...ခဏအကြာမှ ကားdeskbookထဲက bankစာအုပ်ကိုထုတ်ကာ သူ့လက်မှတ်ထိုးလိုက်ကာ..

“Hey..your car is old so use my check and buy a new car... Bye!”
(ဟေး..မင်းကားကဟောင်းနေပြီ ရော့ငါ့ရဲ့ချက်လတ်မှတ်ကိုသုံးပြီးအသစ်ဝယ်လိုက်..ဘိုင့်)

သူပြောချင်ရာပြောပြီး ချက်လက်မှတ်ကိုပစ်ချထားပြီးတာနဲ့ ကားကိုမောင်းထွက်သွားတဲ့သူက...မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း၊ကျောက်မျက်ရတနာလုပ်ငန်း၊ဟိုတယ်လုပ်ငန်း နဲ့ ဆေးcompany အများအပြားကိုပိုင်ဆိုင်ပြီး သီရိသုဓမ္မရာဇာဘွဲ့ရထားတဲ့
ဦးခန့်ရာကျော် နဲ့ ဒေါ်နန်းထိုက်ပန်းတို့ရဲ့ တစ်ဦးတည်းသောသား
ယသော်ရာကျော်...(Yathaw Yar Kyaw)။

“Nokhoi guij baina”
(ခွေးသူတောင်းစား)

ဆဲကာဆိုကာ ကျန်ခဲ့တဲ့ထိုလူကတော့
မွန်ဂိုမင်းသားတစ်ယောက်။
ကားပေါ်ကလူချပေးခဲ့တဲ့ ချက်လက်မှတ်ကိုကောက်ခါကြည့်လိုက်တော့..."5သန်း"
ထိုမင်းသားလည်းချက်လက်မှတ်ကိုကောက်ကာ သိမ်းသွားလေသည်။

ယသော်ရာကျော် ကားကိုဒုန်းဆိုင်းကာ မောင်းလာပြီး ရပ်နားလိုက်တဲ့နေရာက ဒူဘိုင်းရဲ့နာမည်ကြီးclubဖြစ်တဲ့ Sky 2.0။
ကားကိုclubရှေ့ထိုးရပ်ပြီးတာနဲ့ ကုတ်အင်္ကျီကို ကိုင်ဆွဲကာ ကားသော့ကိုလုံခြုံရေးဆီကိုပစ်ပေးလိုက်ပြီး ရောင်စုံမီးတွေနဲ့ အသက်ဝင်နေတဲ့ထို clubထဲဝင်လာပါတော့တယ်။

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now