Part - ( 20 )💙

12.8K 840 31
                                    

Unicode💙

စားပွဲကြီးတစ်ခုလုံး အသီးအနှံတွေဖျော်ရည်တွေနဲ့ ပြည့်နှက်နေပြီ ကမ်းခြေရဲ့အလှက ရင်ထဲကိုစွဲသွားအောင်...လှရက်နေသည်။

ထိုမြင်ကွင်းကြီးက ပြီးပြည့်စုံအောင်လှနေသော်လည်း ကမ်းခြေနဲ့အနီးဆုံးမှာထိုင်နေတဲ့ နေယံကတော့ ထိုမြင်ကွင်းအားဖျက်ဆီးနေဟန်။

Irisကသတို့သမီးနှစ်ယောက်ကိုခေါ်ကာ ထသွားလေသည်...သူမတို့နှစ်ယောက်က Irisမပါဘဲအစွမ်းကုန်မလှနိုင်။ ဒုတိယမြောက် မင်္ဂလာပွဲဆိုပေမဲ့လည်း လှချင်သေးသကိုး။
Alexကတာဝန်အရ ကမ်းခြေကိုလျှောက်ကြည့်ပြီး အပြန် ယသော်တို့အားဝင်နှုတ်ဆက်လေသည်။

“အစ်ကိုလေးတို့..အဆင်ပြေရဲ့လား”

“ပြေပါတယ်
ညကျ မီးပုံပွဲအတွက်ပြင်ထားဦးနော်Alex”

“ဟုတ်ကဲ့ပါဗျ
ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်”

“ဟုတ်ပြီ ဟုတ်ပြီ”

အားလုံး စားပြီးသွားပြီဖြစ်၍ ကမ်းခြေကြည့်တဲ့သူကကြည့်...ဓာတ်ပုံရိုက်တဲ့သူကရိုက်။
စင်းနဲ့ ဟန်နီကလည်းစကားများနေကြပြီ။
ဟန်နီ့မျက်နှာမှာ သွေးစုပ်ဖုတ်ကောင်လို ဖြူစပ်ပြီး သွေးမလျှောက်တော့သလို။

“ကိုကြီး ဟန်နီ...အဆင်ပြေရဲ့လား”

“ပြေပါတယ် စင်းရယ်.
ငါ့ကိုယ်ငါလည်းစိတ်ညစ်ပါတယ်။
Irisကိုမြင်ရင် ချက်ချင်းကိုထဖျားချင်နေတာ”

“စိတ်လျှော့..စိတ်လျှော့
ကျွန်တော်တို့ ကမ်းခြေလျှောက်ကြည့်ကြမလား”

“အေး..သွားရအောင်။
ငါကြာကြာထိုင်နေရင် နှလုံးအခုန်လွန်ပြီးသေလိမ့်မယ်”

သူပြောတဲ့အတိုင်း စင်းတို့စစထိုင်ကတည်းက သူ့လက်တွေတုန်ကာ ခေါင်းကြီးငုံ့ကာစားနေသည်၊
ဟန်နီ့ကိုကြည့်ရတာ crush ကိုတွေ့တဲ့ လူနဲ့မတူဘဲ အကြွေးတောင်းခံတော့မည်လူတစ်‌‌ယောက်လို့သာ ကြောက်လန့်နေသည်။

စင်းနဲ့ဟန်နီ ကမ်းခြေကိုလမ်းလျှောက်ထွက်သွားသည်ကို ယသော်မတား။
နေယံတို့နဲ့ စကားပြော၍သာကျန်ခဲ့သည်။

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now