Part - ( 7 )💙

14.7K 1.1K 67
                                    

Unicode💙

“သားငယ်‌လေးစင်း...ဒီညကစပြီးမပြန်နဲ့တော့နော်..”

“ဟမ်...သား..ဘာမှပါမလာဘူးလေ..”

“ရပါတယ် သားငယ်ရယ်...”
“မင်းသွင်..”

“ဗျာ...ကြီးကြီး”

“ငါ့သားငယ်လေးအတွက် အဝတ်အစားတွေမှာလိုက်
Skin care...ဖိနပ်...နာရီတစ်ခုမှမကျန်စေနဲ့..”

“ဟုတ်ကဲ့ပါကြီးကြီး"

“အမေ..ဧည့်သည်ကိုနေရာချပေးလိုက်ဦး”

“ဟုတ်ပါပြီရှင်.....သော်တာနဲ့ ဒေါ်ထိပ်ရေ...လာပါဦး”

“ဟုတ်ကဲ့ မမလေး”

“သားငယ်လေးစင်းကို ကျွန်မ ဘေးကအခန်းမှာနေရာချပေးလိုက် ဒီကဧည့်သည်ကောင်လေးကို အိမ်အောက်ထပ်က ဧည့်သည်အခန်းမှာနေရာချပေးလိုက်နော်”

“ဟုတ်ကဲ့ပါ မမလေး”

“စင်း...ငါနဲ့ခဏလိုက်ခဲ့”

ယသော်က ဘာအကြောင်းရှိလဲမသိ...စင်းကိုခေါ်ကာအိမ်ပေါ်ထပ်တက်သွားလေသည်။စင်းက ပေကပ်ကပ်လုပ်နေ၍ ဒေါ်နန်းထိုက်ပန်းက အတင်းထည့်ပေးလိုက်တော့...ပါသွားလေသည်။

ဟန်နီမင်းမော် နောက်ကလိုက်မည်အလုပ်

“ဟို..ဧည့်သည်သားလေး လာပါဦး ၊အန်တီနဲ့စကားစမြည်ပြောရအောင်”

ဒေါ်နန်းထိုက်ပန်း အခြေအနေကိုအမှီလှမ်းတားလိုက်ကာ..
“ဟုတ်..ဟုတ်..”

အခန်းထဲတွင်....

“စင်း...မင်းတကယ်ကိုယ့်companyမှာလုပ်မှာလား”

စာရေးစားပွဲ ပေါ်မှာ ခြေချိတ်ထိုင်ကာ...မတ်တပ်ရပ်နေတဲ့စင်းကိုကြည့်ကာစကားပြောချေသည်။

“ဟို..အဲ့တာက အန်တီ..အတင်း"

“ကိုယ့်အမေခိုင်းလို့ဆိုရင် မင်းစိတ်မပါရင် မလုပ်နဲ့”

“အဲ့လိုလည်းမဟုတ်ပါဘူး..”

“မင်း..ငါ့အောက်မှာနေနိုင်လို့လား”

“ဟမ်!!!”

“အာ..sorryစကားပြောလောသွားလို့...မင်းငါ့လက်အောက်မှာ နေနိုင်လို့လားလို့ ပြောတာ...”

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now