Part - ( 8 )💙

14.5K 1K 54
                                    

Unicode💙

ကားထဲကနွေးထွေးနေတဲ့ လေထုကြား စင်းက ယသော့်ရဲ့ခေါင်းကိုရင်ခွင်ထဲထည့်ကာ ငိုစေလေသည်။

ယသော်က အကြီးတစ်ယောက်လည်းဖြစ် မာနကြီးတဲ့လူတစ်ယောက်လည်းဖြစ်တာကြောင့် မငိုခဲ့။ဒါပေမဲ့ သူ့အသံက တုန်ရီနေသည်။

“ဦး...ဦးအဖေကိုမုန်းလား”

စင်းကယသော့်ကိုဖက်ရင်း မေးလေတော့...

“မသိဘူး..သူ့ကိုမုန်းတာလား ကိုယ်တို့ကိုချစ်စေချင်တာလားကိုယ်မသိဘူး”

“ဦး အဖေက ဦးတို့ကို အရင်လိုပြန်ချစ်လာရင်ရော..”

“မသိဘူး...မုန်းနေမိဦးထင်တာပဲ”

“ဦးက...အချစ်ခံချင်နေတာပဲ”

စင်းပြောလိုက်တဲ့ စကားကြောင့် ယသော် ခေတ္တ မှင်သက်မိသွားသည်။

သူက အချစ်ခံချင်နေတာတဲ့လား...။
“မင်းကရော..?”

“ဗျာ..”

“မင်းကရော အချစ်ခံရလို့လား”

စင်းပြုံးမိလိုက်သည်။

“ဦးခံစားချက်ကို ကျွန်တော်နားလည်နေတာက ကျွန်တော်လည်းဦးလိုမို့လိုလေ...ကျွန်တော်လည်းဦးလို အချစ်ခံချင်တာ”

“စောက်ကလေး..”

“ဘာဗျ...ခင်ဗျားကိုလည်း စေတနာနဲ့ နှစ်သိမ့်ပေးတာတောင် ကျွန်တော့်ကိုစောက်ကလေးတဲ့..ခင်ဗျားကိုမာမီနဲ့တိုင်မယ်”

“ဘာ!!!! ခင်ဗျား ဟုတ်လား..မင်းနေယံ့တောင်ကိုကြီးဆိုပြီး ငါ့ကျ ဦးတဲ့ အခုကျ ခင်ဗျားတဲ့ မင်းရိုင်းလိုက်တဲ့ကောင်ကွာ”

“ခင်ဗျား လူကြီးကလူကြီးစကားပြောနော်...
အစ်ကိုနေယံကခင်ဗျားနဲ့ယှဥ်ရင်နုနေတာကိုး...ခင်ဗျားက အိုသေနေတဲ့ မျက်နှာနဲ့”

“စောက်ကလေး နေယံကငါ့ထက်(၂)လကြီးတယ်ကွ သူ့ကျကိုကြီးခေါ်ပြီး ငါကအိုနေတာမဟုတ်ဘူး ယောက်ျားပီသတာကွ မင်းလိုမိန်းမမျက်နှာနဲ့မဟုတ်ဘူး”

ခုနကအဆွေးဇာတ်ခင်းနေတဲ့ နှစ်ယောက် အခုတော့ထသတ်ချေပြီ။ယသော်ကလည်း သူ့ကိုကိုကြီးလို့မခေါ်တာကို စိတ်ဆိုး၍ စင်းကလည်း သူ့ကိုစောက်ကလေးလို့ခေါ်လို့ စိတ်ကောက်ခြင်းပင်။

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now