Part - ( 19 )💙

15.6K 933 67
                                        

Unicode💙

“မင်းသွင်”
“ခင်ဗျာ့..အစ်ကိုလေး”

“ခုချက်ချင်း ...Flightကို(၂)နာရီချိန်းလိုက်...”
“ဘာဖြစ်လို့လဲ...အစ်ကိုလေး”

“တစ်မိသားစုလုံး..Plam beachကိုသွားမယ်”
“ဟင်...သား အမေတို့ရောပါမှာလား”

စင်းကိုဖက်ငိုနေတဲ့ ဒေါ်နန်းထိုက်ပန်းက ခရီးသွားရမယ်ဆိုတဲ့ အသံကြားတော့ထမေးရှာသည်။

“အမေ..တစ်မိသားစုလုံးပါဆို နေခဲ့ရင်..အမေက သားနဲ့ဘာမှမတော်ဘူးပေါ့
ပြီးတော့ငိုမနေနဲ့...ဦးခန့်ရာကျော်ပြောသလို ၄၀ကျော်မှဘဝစတာ အမေလည်းနောက်ယောကျာ်းယူချင်ယူ”
“သားရယ်”

“အမေ့ဘေးမှာ အမေ့ကိုလက်ထပ်ခွင့်တောင်းထားတဲ့တစ်ကောင်လုံးရှိနေတာပဲ”

ထိုခါမှ ဒေါ်နန်းရယ်နိုင်လေသည်...စင်းကတော့အနည်းငယ်ရှက်သွားလေရဲ့...
ဒေါ်နန်းနဲ့ စင်းတို့ပြေရာပြေကြောင်းထိုင်စကားပြောနေစဥ်...

“အမေနဲ့ စင်း...ထ ထမင်းစားမယ်”
“ဟမ်...သွားတော့မှာဆို”

“ဟုတ်တယ်လေ...ဒီနေ့ထမင်းမစားလို့မရဘူး...အဘိုး စိုက်ခင်းကဟာတွေ ချက်ခိုင်းထားတာမို့”

ယသော်က..အဘိုးစိုက်ခင်းကသူကိုယ်တိုင်ခူးလာတဲ့ တန်ဖိုးကိုတော့သိရှာသည်။စားဖိုဆောင်ကလူတွေ ယသော်ခူးလာတဲ့ အရွက်တွေနဲ့ အသားတွေလိုက်ဖက်ညီစွာ ချက်ထားကြပြီး မသွားခင်စားသွားကြလေသည်။

“ဦး..ထိမ်..”
“ပြောပါသား...ယသော်”

“စင်းရဲ့ အဘိုးကို ဒီငွေ သိန်း(၅၀)သွားကန်တော့ပေးပါ
နောက်မှ စင်းနဲ့တူတူထပ်လာခဲ့မယ်လို့လည်းပြောပေးပါ”
“ဟုတ်..”

“ရော့... ကျွန်တော်တို့ ဟိုမှာဘယ်လောက်ကြာမလဲမသိဘူး
ပိုက်ဆံလိုတာနဲ့..ရုံးက..MDဆီမှာသွားယူနော်”
“အင်းပါ ယသော်ရယ်...အဘဒီအိမ်မှာသားငယ်ငယ်တည်းက အလုပ်လုပ်လာတာပါ...မပူပါနဲ့ အဘစီစဥ်လိုက်ပါ့မယ်”

“နောက်ရှိသေးတယ်..ဦးထိမ် အလုပ်တွေဝင်မလုပ်နဲ့တော့..အသက်အရွယ်ကမငယ်တော့ဘူး နားနားနေနေ နေဦး”
“ဟုတ်ပါပြီ...မနန်းကို ဂရုစိုက်လိုက်ပါဦး..သူစိတ်ထိခိုက်နေရှာမှာ”

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Место, где живут истории. Откройте их для себя