Part - ( 21 )💙

12.1K 839 79
                                    

Unicode💙

ဒုတိယ မင်္ဂလာပွဲတိုင်အောင်...အချစ်ပိုနေကြတဲ့ ဘရဏီနဲ့ မေရီ။

“အဲ...အဖေက ဘိတ်သိတ်ဆရာမဟုတ်တော့
စကားတွေအများကြီးမစီတတ်ဘူး။
အဖေလိုရင်းတိုရှင်းပြောချင်တာက..
ငါသမီးနှစ်ယောက် ဒီနေ့လိုပဲတစ်ယောက်လက် တစ်ယောက်တွဲကာ ထာဝရချစ်သွားနိုင်ကြပါစေ”

“ဟုတ်..ဖေဖေ”

“ကဲ..သတိုးသမီးနှစ်ယောက်နမ်းလို့ရပါပြီ.။ အဖေတော့ စင်အောက်ဆင်းတော့မယ်ရှက်လို့”

ပြောပြောဆိုဆိုနဲ့ ဦးနေယံရောင်က စင်အောက်ကသူ့မိန်းမဘေးဝင်ထိုင်ကာ သူ့မိန်းမရဲ့လက်ကိုကိုင်ပြီး သတို့သမီးနှစ်ယောက်ရဲ့ ကြည့်နူးဖွယ်အချိန်ကိုကြည့်လေသည်။

မေရီခွန်းချိုက စကာ ဘရဏီ့ရဲ့ မေးစေ့လေးကိုကိုင်ပြီး  ထိစပ်ကာ နူးညံ့သောချစ်ချင်းများနဲ့အနမ်းတစ်ပွင့်ခြွေလွှင့်လိုက်သည်။

အောက်က ပွဲတက်လာတဲ့သူတွေကလည်းအားရပါးရလက်ခုပ်တီးကာ..အားပေးကြတော့လေသည်။ထိုအထဲနေယံမပါ။
နေယံက ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါမေးမေး သူ့ညီမကိုနှမြောဆဲ....။

ဟန်နီမင်းမော် လက်ခုပ်တီးနေရင်းဘေးကိုကြည့်လေတော့..Iris!!!
ချက်ချင်းဆိုသလို...ခြေဖျားလက်ဖျားတွေအေးလာပြီး ယသော့်ကိုစိတ်တိုတဲ့ကိစ္စကိုတောင်မေ့သွားလေ၏။

“ယသော်...”

“ပြောလေ..ဇူး”

“ပန်းစည်းကြဲလို့...နင်ရရင်ငါ့ကိုပေးနော်”

“ဒါပေါ့...နင့်မဟုတ်ဘဲ ဘယ်သူ့ကိုပေးရမှာတုန်း”

“အမလေး...ငါရဲ့ယသော်လေး ချစ်ဖို့ကောင်းလိုက်တာ”

ဘေးမှာနေနေတဲ့ စင်းထိုစကားသံများကြောင့်ငိုချင်လာချေပြီ။သူ့ရဲ့ဦးက အမြဲရုပ်တည်ကြီးနေတတ်ပေမဲ့ ဒီအမျိုးသမီးနဲ့ကျ ပျော်ရွှင်နေသည်မှာ သူ့ကိုတောင်သတိမရ...ပန်းရရင်လည်း သူ့မကိုသာပေးမည်တဲ့..။

သတို့သမီးနှစ်ဦး နမ်းလို့အပြီး..ဘရဏီက ပန်းစည်းကြဲတော့ချေမည်။စင်အောက်က သူတွေအကုန်လုံးမတ်တပ်ရပ်လိုက်ကာ...ပန်းစည်းကိုဘယ်သူရမလဲ..စောင့်စားနေကြပြီ။

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now