Part - ( 9 )💙

14.4K 1K 42
                                    

Unicode💙

ယသော်ကအိမ်ပေါ်က ဆင်းလာတော့ ကားက အရှေ့ကိုရောက်နေပြီဖြစ်သည်။မပြောမဆိုနဲ့ ဟန်နီက love seatကိုအမြန်ဝင်ထိုင်လေသည်။

စင်းကတော့ ထုံးစံအတိုင်းအနောက်ခုံတွင်...
သို့သော်ကားခေါင်းခန်းကို ဝင်ထိုင်ကာကားမောင်းတဲ့သူက ယသော်မဟုတ်....မင်းသွင်။

ဟန်နီ့ယသော့်ကိုကြည့်တော့ နောက်ခုံတွင်...စင်းဘေးမှာ...။

“ဟင်!!ကိုကိုမမောင်းဘူးလား...”

“ဟုတ်ကဲ့ပါခင်ဗျ company သွားရင်အစ်ကိုလေးကဘယ်တော့မှမမောင်းဘူးဗျ”

ဟန်နီကြေကွဲလေပြီ...နောက်ခန်းမှာ ယသော်ကရုပ်တည်ကြီးနှင့်ထိုင်နေလေသည်။စင်းကလည်း မြူဆွယ်မည်သည်ဆိုသာ ပြတင်းပေါက်နေပြုတ်ကျသွားမှာတောင်စိုးရိမ်နေရသည်။

“စင်း..”
“ဗျာ...”

ယသော်ကစင်းကိုသေချာကြည့်နေသည်...ဘောင်းဘီတိုT shirtလေးနဲ့ ထိုကလေး မသိရင် ယသော်က သူ့သားကို ရုံးကိုခေါ်လာသလို။

ယသော်ကတော့suitအပြည့်နှင့် ဆံပင်ကိုတောင်နောက်သပ်တင်ထားသေးသည်။

“Company ရောက်ရင် မင်းကြိုက်တဲ့ Positionတွေ့ရင်ပြော..”

“ဟမ်”

“ဘာဟမ်တုန်း...အလုပ်မှာကြိုက်တဲ့ ရာထူးပိုင်းကြိုက်ရင်ပြောလို့ပြောနေတာလေ”

“အော်...ဟုတ်ကဲ့”

Company ကိုရောက်တော့....
ကားတံခါးကိုဖွင့်လိုက်တာနဲ့ တစ်ရုံးလုံးညီညာစွာရပ်နေကြပြီး ယသော့်အားထွက်ကြိုနေကြသည်။

ယသော်တို့ကားပေါ်ကဆင်းပြီး companyထဲကိုဝင်တော့...

“ဆရာ...ကျိုက်ထိုကsiteကို ဆရာ့အဖွားက တရားစခန်းမဝင်ခင်ဆရာ့ကိုအပ်ခဲ့လိုက်တယ်”

“ဘယ်လို”
“ဟုတ်တယ် ဆရာ..ဆရာကြည့်ထားတဲ့siteကိုအပ်ခဲ့တာပါ”

“အေးအေး ထားလိုက်...အခုငါ ဒီနှစ်ယောက်ကို company လိုက်ပြဖို့ခေါ်လာတာ ငါမအားတော့ဘူး မင်းသွားပြလိုက်”

“ဟုတ်ကဲ့ဆရာ..”

ရုံးမှ Managing Directorအရာမောင် က စင်းနဲ့ ဟန်နီ့ကိုcompanyကိုပြဖို့ခေါ်သွားလေသည်။

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now