Unicode💙
“စင်းဟန်ပိုင် နင်ဘာလို့ဒီကလေးကိုခေါ်လာတာလဲ ၊
ငါမထိန်းနိုင်ဘူးနော် နင့်ပြဿနာနင်ရှင်း
ဟိုမှာ ပိုက်ဆံတွေပုံပေးနေတာတောင် ဒီကလေးကိုခေါ်လာရအောင်နင်ငတုံးလား”စင်းက မျက်နှာတစ်ချက်တောင်မလှည့်..
မနုဿကိုချီကာ ခြံရှေ့ထွက်သွားတော့
ဒေါ်ချစ်သွေးက သူ့ကားပေါ်တက်ခိုင်းလေသည်။“စင်း!!ဘာလုပ်နေတာလဲ တက်လေ”
“အမေ..သား..
အမေရဲ့ ကြိုးတွေချည်နှောင်မှုနဲ့ ဒီဇာတ်ကိုကခဲ့ပြီးပြီ ၊ ဒီဇာတ်ကလည်း တော်တော်နာခဲ့ပါပြီ။ဒီနေ့ကစပြီး သားက အမေရဲ့ ကကြိုးရုပ်မဟုတ်တော့ဘူး..သားနဲ့မနုဿသွားချင်ရာသွားမယ် လုပ်ချင်ရာလုပ်မယ် အမေ့မှာစွက်ဖက်ခွင့်မရှိဘူး။ အမေ့ကိုကျေးဇူးကန်းတာမဟုတ်ပေမဲ့ ကျွန်တော်ရှာပေးခဲ့တာတွေက အမေကျွေးခဲ့တဲ့ ပေါင်မုန့်တွေထက်တော့ တန်ပါတယ်”တွန့်ဆုတ်မှု မရှိတဲ့ခြေလှမ်းတွေနဲ့ ရှေ့ဆက်လိုက်သည်။သူ့အမေရဲ့ ကြိုးကိုင်မှုတွေကို ငြီးငွေ့နေပြီလေ။သူချစ်ရတဲ့ ယသော်ရဲ့ စိတ်ရောလက်ပါ ဖယ်ကျဥ်ခြင်းကိုခံလိုက်ရပြီ။သူ့နားမှာ မနုဿ ရှိနေပြီပဲ သူစဥ်းစားခဲ့သလို ဒီကလေးကို သူမရခဲ့တဲ့မေတ္တာတွေနဲ့ ပျိုးထောင်ချေမည်။
“သားရယ် စင်းကိုဘယ်လိုလုပ်လိုက်တာလဲ”
ဒေါ်နန်းမှာ ဒီသားကိုလည်း ချစ် ဟိုသားကိုလည်းချစ် ဒီကြားထဲ ဟိုသားထံမှာ အနှစ်ကလေးပါ ပါသွားသေးသည်။
“အမေ သားဘာမှမကြားချင်ဘူး”
အိမ်ပေါ်ထပ်က ဘာမှမရှိတော့တဲ့ သူ့အခန်းဟောင်းဆီကိုပြန်ဝင်သွားကာ..တစ်ညလုံးထွက်မလာ။
စင်းကိုလည်း လိုက်ရှာဖို့မလုပ်တော့သလို စင်းအကြောင်းပြောလဲ လက်မခံ။နေယံတို့ ရှင်းသစ်တို့ နားချပေမဲ့လည်းမရ။
ယသော်..စင်းကို ပစ်ပစ်ခါခါ ဖြစ်သွားခဲ့ပြီ။နေ့တိုင်းလိုလို အလုပ်ပြန်လာရင် အိမ်မှာထမင်းအပြေးပြန်စားနေကြ သူ..နေ့တိုင်းbarမှာပဲ အချိန်ကုန်နေသည်။
စိတ်မထင်ရင် မထင်သလိုဘေးက လူတွေကိုရန်ရှာကာ ရန်ပြုတတ်သေးသည်။
YOU ARE READING
My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)