Unicode💙
တစ်ညတာကုန်ဆုံးသွားတဲ့အချိန်မှာ နေဝန်းနီနီကြီးရဲ့အချိန်ခါရောက်လို့လာသည်။
ယသော်တစ်ယောက် မနက်(၈)နာရီထကာ...
ဘရာဇီးကို ပို့ဖို့ ကိုကင်းစာရင်းတွေထလုပ်နေလေရဲ့။စာရင်းလုပ်ပြီးရေမိုးချိုးပြီးကာ ရာကျော်အိမ်တော်ရဲ့ ဒီဇိုင်နာအလာကိုစောင့်နေလေ၏။
“““ဒေါက်..ဒေါက်...ဒေါက်...”””
“အစ်ကိုလေး ဒီဇိုင်နာirisရောက်ပါပြီ”
“ဝင်ခိုင်းလိုက်..”“မင်္ဂလာနံနက်ခင်းပါ အစ်ကိုလေး”
“Iris..ငါdateသွားမလို့ လိုက်တဲ့အဝတ်အစားပြင်ပေး”“ဟုတ်ကဲ့ အစ်ကိုလေး...ဒါဆိုကျွန်တော့်ကို၁၅မိနစ်အချိန်ပေးပါ”
“အေး”
ယသော့်ဆီက ၁၅မိနစ်အချိန်တောင်းပြီးတာနဲ့ ယသော့်ရဲ့ ပွဲတတ်ဝတ်စုံတွေနဲ့အကောင်းတကာ့အကောင်းဆုံးဝတ်စုံတွေထားတဲ့ အခန်းထဲသို့ဝင်သွားတဲ့ Iris..။
အခန်းထဲတွင် အင်္ကျီနှင့်ဘောင်းဘီများထားသောနေရာကသက်သက် coatများထားသောနေရာကသက်သက်..
ယသော့်အကြိုက်ဆုံး shoeများsneakerများထားတဲ့အခန်းလေးကသပ်သပ်..နာရီထားသော ဗီရိုနှင့် အရာအားလုံးက သပ်ယပ်စွာတည်ရှိနေသည်။
၁၅မိနစ်အကြာ အဝတ်အစားများကိုင်ဆောင်ကာ ထွက်လာတဲ့Irisက ယသော့်ကို အဝတ်အစားသွားပြချေတော့သည်။
“အစ်ကိုလေး..dateအတွက် Casual Typeပဲသွားထားပါတယ်။နောက်ပီးတော့ ပိုပြီးလည်းactiveဖြစ်တဲ့ပုံပေါ်အောင် ခရမ်းရောင်ကိုရွေးလာတာပါ”
“မင်းပြောတာ ငါကအိုနေတယ်လို့ဆိုလိုတာလား”
ပျားအုံတုတ်နဲ့ထိုးမိတဲ့ Iris
“အနူးအညွတ် တောင်းပန်ပါတယ်.. ကျွန်တော်ပြောတော fresh vibeရအောင်လို့ပါ”
“ထားတော့...ပေး”Irisရွေးလာတဲ့ ခရမ်းရောင်ဝတ်စုံကိုဝတ်လေသည်။စေ့စပ်သေချာတဲ့ Irisက နာရီ ဖိနပ်တို့ပါတခါတည်းယူလာလေသည်။
“ဆံပင်ပြင်ပေး အရမ်းလူငယ်ဆန်တာလည်းမလိုချင်ဘူး”
“ဟုတ်ကဲ့အစ်ကိုလေး”
BINABASA MO ANG
My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)