Unicode💙
"အော်~~~"
စင်းဆီမှ ထွက်လာသည့်စကားမှာ 'အော်' တစ်လုံးတည်းသာ။
ယသော့်အတွက် ရယ်ရခက်ငိုရခက် အနေအထား။စင်းဆိုသည်မှာ ဘေးကနေပြုံးပြုံးကြီးစိုက်ကြည့်နေသည်။စိုက်ကြည့်နေသည်မှာလည်း...သူ့ကိုအခုပဲထသတ်တော့မလို။"အဟဲ..ဒီနေ့မှစတွဲဖြစ်တယ် ဒီနေ့ပဲ အရင်ဇယားတွေပါလား ဦးယသော်ရေ..."
ယသော့်စိတ်ထဲတွင် ဇူးကိုပင်လယ်ရံတစ်နေရာခေါ်သွားကာ အနက်ဆုံးနေရာတွင် ငါးစားကျွေးပစ်ပြီးပြီ။
"ဖြေပါဦး..hotelမှာ ည(၁၁)လောက်ဘာသွားလုပ်တာလဲ ..ဦး..ယ..သော်..ရာ..ကျော်"
စင်းရဲ့ စကားလုံးတွေကြောင့် ယသော်တံတွေးတစ်ချက်ကို လေးလေးပင်ပင်မျိုချလိုက်ရသည်။အကောင်းဆုံးဆင်ခြေကိုမရှာနိုင်ရင် ပြဿနာအရှာခံရမည်။
"ငယ်ရယ်..ဘာမှမဟုတ်ပါဘူး။
ကိုယ့်ရည်းစားဟောင်းကအဲ့နေ့တုန်းက Toiletဝင်ချင်တယ်ဆိုလို့ပါ ကိုယ်တို့dateပြီးပြန်လာကာမှ လမ်းမှာလိုက်ပို့ပါပြောလို့ ဝင်ပို့တာပါ အဲ့hotelကလည်း ကိုယ့်hotelပါပဲ"ယသော်ရဲ့ 'ငယ်ရယ်' ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် စင်းမှာ ကောင်းကင်ရဲ့အခြားတစ်ဖက်ကိုရောက်သွားချေပြီ။
ယသော့်ကို ကျန်လူတွေကတော့ မမြင်ဖူးတဲ့သူလို ဝိုင်းကြည့်နေကြသည်။"ပြီးတာပဲ"
စင်းကို ငယ်တစ်လုံးတည်းနဲ့ ချုပ်လိုက်နိုင်တဲ့ ယသော်..ဒီပြဿနာဒီမှာတင်ပြီးချေပြီ...
မထင်မှတ်ပါနဲ့။"ဟဲ့ ငါပုံမြင်လိုက်တုန်းက မွှေးရဲ့ နှုတ်ခမ်းနီတောင်မရှိတော့ဘူးနော်...dateဆိုမိန်းကလေးတွေက နှုတ်ခမ်းနီရဲနေအောင်ဆိုးကြတာပါ"
ငြိမ်သွားတဲ့ အခြေအနေကို အောင်မြင်စွာ မီးထပ်ရှို့လိုက်ပြန်တဲ့ ဇူး။
"ဇူး...သူငယ်ချင်း..အဲ့တုန်းက သူကNatural Lookလေးပြင်လာတာပါ..သိတယ်မလား"
ဇူးမှာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ..
"ယသော်...နင် မွှေးကိုတော်တော်ချစ်ခဲ့မှာပဲနော် သူပြင်လာတဲ့ make up lookကိုတောင် မှတ်မိနေတာဆိုတော့ နင်သေချာကြည့်ခဲ့မှာပဲနော်"
YOU ARE READING
My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)