Part - ( 11 )💙

14.1K 1K 43
                                    

Unicode 💙

CEO ယသော်ရာကျော်၏ ရုံးခန်းထဲတွင်ဖြစ်သည်...

ယသော့်ဖုန်းနှင့် ချိတ်ထားသော အခန်းထဲက TVဖန်သားပြင်ထက်တွင် cameraကိုလျှာထုတ်ပြောင်ပြနေသော ထိုကလေးအား ယသော်ရော မင်းသွင်ပါမြင်နေရသည်။

"အာ...အစ်ကိုလေး ပိတ်လိုက်ရတော့မလား ခိခိ"
"ဘာကိုရယ်နေတာလဲ ရယ်စရာပါလို့လား"

ယသော့်ကိုကြည့်တော့ ချက်ချင်းစားတော့ဝါးတော့မလိုအကြည့်နဲ့ မင်းသွင်အားကြည့်နေလေသည်။

"မပါပါဘူးအစ်ကိုလေး...အစ်ကိုလေးဘာလို့တစ်ခါတည်း Tvနဲ့မချိတ်တာလဲ ကျွန်တော်ပြောင်းပေးရမလား"

"ရတယ် ငါဘယ်သွားသွားလှမ်းကြည့်ချင်တဲ့အချိန်ကြည့်ရအောင်လို့"

"ဟုတ်ကဲ့ အစ်ကိုလေး"

ဖန်သားပြင်မှာတော့ cameraကိုတောက်လိုက် လျှာထုတ်လိုက်နဲ့ နည်းမျိုးစုံသုံးကာ ပြောင်ပြနေတဲ့စင်း။

"ငါ့မောင်တို့နှစ်ယောက်ကို အစ်မခုနကပြောထားသလို မသိတာရှိရင်မေးနော် customerတွေကစိတ်ရှည်တဲ့လူရှိသလိုမရှည်တဲ့လူလည်းရှိတယ်"

"ဟုတ်ကဲ့မမ"
"အင်း"

စင်းကတော့ သူ့ထံကိုပထမဆုံးဝင်လာမဲ့ ဖုန်းcallကိုရင်ခုန်စွာ စောင့်ဆိုင်းနေလေသည်။
ထိုစဥ်...

"ငါ့မောင်က စင်းဟန်ပိုင် နော်"

"ဟုတ် မမကြည်နူး"

"မနေ့ကအတွက် အစ်မတကယ်တောင်းပန်ပါတယ်ကွယ်"

"ရပါတယ် မမရယ်"

"ဒါနဲ့လေ မမနည်းနည်းစပ်စုချင်လို့"

"ရပါတယ်မမရဲ့ မေးပါ"

ကြည်နူးမေ တစ်ယောက် ဘေးဘီကိုအကဲခတ်ကာ စင်းအနားကိုတိုးပြီးမေးလေသည်။

"ငါ့မောင်နဲ့ bossကဘယ်လိုပတ်သတ်တာလဲ"

"ဗျာ...ဘယ်လိုရယ်လည်းမဟုတ်ပါဘူး"

"အော်...မသိပါဘူးမမထင်တာက"

"မမထင်တာက???"

"""Ding Ding Ding"""
ဆိုကာ ကြည်နူးမေရဲ့စားပွဲပေါ်က ဖုန်းကမြည်လာချေသည်။

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now