Part - ( 5 )💙

16K 1.1K 45
                                    

Unicode💙

“ဦး..ကျ..ကျွန်တော်...လူသတ်မိလိုက်ပြီ!!”

“ဘာ!!!စင်းဟန်ပိုင်မင်းငါ့ကို အချဥ်ပြန်လာဖမ်းပြန်ပြီလား”

အရင်တစ်ခါက ထိုကလေးမလှိမ့်တစ်ပတ်လုပ်ခြင်းကို ခံခဲ့ရလို့ ခုထိမကျေနပ်နိုင်။

“ဦး....သားဘာလုပ်ရမလဲ”

ယသော်ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ စင်း ကသူ့ကိုသူ ကျွန်တော်လို့မပြောတော့ဘဲ ‘သား’ ဟုဆိုခြင်းကြောင့်ပင်။
ယုံတစ်ဝက်မယုံတစ်ဝက်နှင့်..။

“စင်းဟန်ပိုင်...မင်းတကယ်ပြောနေတာလား”

“ဦး...သား..ကြောက်တယ် ဘယ်လိုလုပ်ရမလဲ”

စင်းလိမ်နေတာမဖြစ်နိုင်တော့။
ယသော်လည်းပူထူကာ လိုက်သွားဖို့သာဆုံးဖြတ်လိုက်သည်။

“မင်းဘယ်မှာလဲ..”

“စား..စားသောက်ဆိုင်..ရုံးခန်းထဲ..”

“ငါလာခဲ့မယ် အဲ့အခန်းကို lockချထားဘယ်သူမှမဝင်စေနဲ့ကြားလား”

“------”

ဖုန်းကျသွားလေတော့..

“ယသော် ဘာဖြစ်တာလဲ..”

နေယံ မေးသည်အားမဖြေနိုင်
ယသော်က ဘာမပြောညာမပြောနဲ့ထွက်သွားလေသည်။
ယသော်စားသောက်ဆိုင်ကိုရောက်တော့ လူရှင်းနေသည်။တစ်လမ်းလုံး စင်းကိုဖုန်းခေါ်နေပေမဲ့ စင်းကမကိုင်။ကားပေါ်က ဆင်းတော့ ကားdashboardထဲက အသင့်ဆောင်ထားတဲ့ Tanfoglio ပစ်စတိုပါ ဆောင်သွားလေသည်။
ကောင်တာကအမျိုးသမီးက...

“Showကညမှစမှာပါနော် လူကြီးမင်း”

“Showလာကြည့်တာမဟုတ်ဘူး...မန်နေဂျာရုံးခန်းဘယ်မှာလဲ”

“အော်ရှေ့ဘက်မှာညာဘက်ချိုးသွားလို့ နှစ်ခန်းမြောက်ပါရှင် လိုက်ပို့ပေးရမလာရှင့်”

“မလိုဘူး”

ထိုအမျိုးသမီးကိုခပ်ပြတ်ပြတ်‌ပြောကာ သူမ ပြောတဲ့ အတိုင်း နှစ်ခန်းမြောက်ကိုရောက် တံခါးကိုခေါက်တော့...

“စင်းဟန်ပိုင် မင်းအထဲမှာလား”

ထိုခါမှ အထဲက ‘ဦး’
ဆိုတဲ့အသံကြားလိုက်ရသည်။

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now