Part - ( 23 )💙

12.7K 795 131
                                    

Unicode💙

မင်းသွင်က ‘အစ်ကိုနေယံ’ လို့ကြေညာပြီးတဲ့သကာလ ဇူးကလွဲ အကုန်လုံးသဘောပေါက်လိုက်သည်မှာ..သူတို့ထံတွင် ဂွမ်းပါလာပါက ပိုမိုပျော်ရွှင်မှုပေးနိုင်မည်ဆိုတာကိုပင်။

“အိုး..ငါ့ကိုပြောနေတာပဲ..မတတ်နိုင်ဘူးလေ..တောင်းဆိုတော့လည်း”

မင်းသွင်လက်ထဲကနေ မိုက်ကိုလက်ပြောင်းလိုက်ကာ...Tv screenပေါ်တွင် သူသီဆိုမဲ့သီချင်းကို လိုက်ရှာနေသည်။
ဘာသီချင်းဆိုလို့ ဆိုရမှန်းသူတောင်မသိ။

“ဟာ...ဒီသီချင်းပဲ..တွေ့ပြီကွ...ငါတို့ငယ်ငယ်တုန်းကသေအောင်ကြိုက်ခဲ့ရတာ”

သူသီချင်းကိုစဖွင့်လိုက်တော့..သီချင်းတီးလုံးအေးအေးလေးကစလာချေပြီ။
နားထောင်လိုက်တာနဲ့
မပွင့်တပွင့်၂၀၀၀ခေတ်ကိုပြန်ရောက်သွားသလို။
    အကုန်လုံးအဲ့သီချင်းတီးလုံးထဲမှာမျှောပါပြီး
နားဆင်နေကြသည်။တကယ်ကို သဘောကျဖွယ်ရာသီချင်းပင်။

“ကိုယ်လိုချင်တာ...တကယ်ဆိုမာယာတွေမပါ..”

စလာတာနဲ့ မမှန်တဲ့ Key အတက်အကျတွေနဲ့...အာခေါင်ထဲက အသံကိုခြစ်ကာအော်နေသည်။

ဒီအသံအခန်းထဲမှာရှိတဲ့ (၉)ယောက်..တကယ်ကိုနားမုဒိမ်းကျင့်ခံနေရပြီ။
    အသံသြသြကြီးက..Normal noteတောင်မနိုင်...အသံလေးအသံကြောင်နဲ့ အော်နေသည်မှာ..ယခုပင် သီချင်းမူရင်းပိုင်ရှင်ကြားလျှင် နားထဲကသွေးကျကာ..သွေးအန်သွားနိုင်သည်။

“ရှာ.ဖွေ..တွေ့ရှိခဲ့တဲ့ မင်းကို..တန်ဖိုးထားလိုက်ရတာ..ဘာနဲ့မှမလဲနိုင်ခဲ့။”

ဒုတိယအကြောင်းနဲ့တင် နှလုံးအိမ်ကိုဆိုးရွားစွာထိခိုက်စေပြီ...

“ကိုယ့်ဘဝမှာ ဒါဟာထာဝရ..ယုံမှာလား!!!!!”

မြန်မာသီချင်းကို rock vibeသွင်းကာဆိုနေသလား..တဖက်သားလူကြားတာနဲ့တင်သေစေနိုင်သည်။

ဘယ်ဘဝက ဝဋ်ကျွေးများလဲ...
မိုက်ကြီးကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ကာ..မျက်မှောင်ကုတ်ပြီးဆိုနေသည်မှာ..တကယ့်ကို moodဝင်နေပုံ။

“ကိုယ်စွန့်စားဖို့အတွက် အမြဲတမ်းပြင်ဆင်ထား.......”

တစ်ကြောင်းတစ်ကြောင်းဆောင့်ဆောင့်ဆိုလိုက်တာများ...
ဒီကြားထဲ မိုက်ကိုများမျိုတော့မလား။

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now