Part - ( 18 )💙

12.8K 890 53
                                    

Unicode💙

“မင်းသွင်....အကြောသတ်ထားတဲ့ ဝါးခြမ်းပြားယူလာခဲ့..”

ယသော်ကမင်းသွင်ကို စေခိုင်းလိုက်ချိန်မှာ ကားမှန်သုတ်နေတဲ့ မင်းသွင်အိမ်ထဲကိုပြာပြာသလဲ ပြေးဝင်လာပြီ...

“အစ်ကိုလေး..အကြောသတ်ထားတဲ့ ဝါးခြမ်းပြားတော့မရှိဘူး...ဟိုဟာလေ...အစ်ကိုလေး လိုချင်ရင် ကြာပွတ်တော့ရှိတယ်”

ရှေ့နေငှားခါမှ ထောင်လုံးလုံးကျ...
အကောင်ပေါက်ကို ခြောက်ချင်လို့ ဝါးခြမ်းပြားတောင်းကာမှ ဝါးခြမ်းပြားမရှိလို့ ကြာပွတ်ပေးတဲ့...မင်းသွင်..။

စင်းတော့ လူပေါင်းမှားချေပြီ သူကသာ အစ်ကိုကြီး အစ်ကိုကြီးနဲ့ခင်လိုက်ရတာ သူအရိုက်ခံရမဲ့အချိန်မှာတော့ ဒင်းက ရေနှစ်သူဝါးကူထိုးပေ၏။

စင်းကချက်ချင်း မျက်နှာမဲ့သွားပြီး ငိုမဲ့မဲ့အနေအထား..။

မင်းသွင်ဘက်ကို လှည့်ကာ မျက်ခုံးကြီးပင့်တင်ပြလိုက်တဲ့ယသော်...

“ဝါးခြမ်းပြားလို့...အကြောသတ်ထားတဲ့ ဝါးခြမ်းပြားပါ ဆ်ိုနေ...”

ထိုခါမှ သဘောပေါက်သွားတဲ့ မင်းသွင် ဂိုထောင်ထဲကိုအသည်းအသန်ပြေးဝင်သွားပြီး ပြန်လာတော့လက်ထဲမှာ ဝါးခြမ်းပြားတကယ်ပါလာသည်။မင်းသွင်နဲ့ အိမ်ကလူအများစုမှာ စင်းအရိုက်ခံရတာကိုကြည့်ချင်နေကြသလို။

“အစ်ကိုလေး ဝါးခြမ်းပြားရပါပြီ”

“မြန်သားပဲ”

“ဟုတ် ခုလေးတင်ဝါးလုံးကိုခုတ်ပြီး...ထွင်းလာတာ
အစ်ကိုလေးရော့ ဒီအဝတ်ကလေးနဲ့ ခုကိုင် အကြောသေချာမသတ်ရသေးတော့ ရှကုန်မယ်”

ဆိုကာ..ယသော့်လက်ထဲက ဝါးခမ်းပြားအစွန်တစ်ဖက်အား အဝတ်စပတ်ပေးလိုက်လေသည်။

စင်းက ယသော်လက်ထဲက ဝါးခြမ်းပြားကြီးကို မြင်လေတော့...ချက်ချင်းဆိုသလို.ဒေါ်နန်းထဘီစဆွဲကာ တောင်းပန်လေတော့သည်။

“မာမီ..လုပ်ပါဦး..ဦးကသားကိုရိုက်တော့မယ်”

သူမရဲ့ထဘီစကို ကိုင်ကာ မျက်ရည်တွေဝဲနေတဲ့ကလေး သနားကမား မျက်နှာပေးလေးနဲ့...။

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now