Part - ( 28 )💙

11K 722 29
                                    

Unicode💙

မနုဿရာကျော်လေးက ပြုံးနေလိုက်တာများ ယသော့်မျက်နှာတစ်ကမ္ဘာလို..

“အဘ..
ကျွန်တော်တို့ ဒီဂေဟာအတွက် သိန်းတစ်ထောင်လှူခဲ့ပါ့မယ်”

“ဟေ..”

“တစ်ခုတော့တောင်းဆိုချင်တယ်
ကလေးကို ကျွန်တော်တို့မွေးစားတာမှန်း အဘတို့ ကျွန်တော်တို့ကလွဲပြီး ဘယ်သူ့မှမသိစေချင်ပါဘူး”

“ရတယ်ပေါ့ မောင်ရင်ရာ..
ကျေးဇူးတင်ပါတယ် ဒီကလေးလည်းမိမှန်ဖမှန်နဲ့တွေ့တာပဲ”

“အဖမှန် ပါးပါးမှန်ပါ..”

မျက်နှာကလေး ဆူပုတ်ကာ
စင်းဝင်ထောက်တဲ့ စကားကြောင့် အကုန်လုံးထရယ်ကြတော့လေသည်။လူသာအသက်(၂၀)ဖြစ်လာတာ ယသော်ပြောသလို
သူအလိုလိုက်ထားလို့ ခုချိန်ထိ ကလေးလိုပြုမှုနေတုန်း။မနုဿလေးနဲ့သူ ဘယ်သူကလေးအဖြစ်ပြိုင်ဆိုးနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမည်။

ဒါပေမဲ့ သူ့အစင်းက ကလေးအစားရော သူ့အစားပါ ယသော့်ကိုအနိုင်ကျင့်တော့မည်ကို အာရုံရနေလေသည်။

လှူစရာရှိတာလှူပြီး ကလေးကိုစင်းကချီကာ ပြန်လာခဲ့လေသည်။Irisတို့ လင်မယားလည်း သူတို့ရဲ့ မနုဿကို အသည်းယားလို့မဆုံး။
ဒီလိုနဲ့ကလေးကို တစိမ့်ကြည့်ကာ အိမ်ပြန်ရောက်လာတော့

“မာမီရေ...မာမီ ကလေးလေးပါလာပြီ”

“ဟယ်..ဟုတ်လားပြ—”

စင်းကခုန်ပေါက်ပြီး ဝင်လာကာ ကလေးကိုချီလာတာက သူမရဲ့သား...။ကလေးလိုချင်တာတစ်ယောက်လေ အခုတော့ သူ့သားကထိန်းနေရပြီလား။ဒေါ်နန်းရဲ့ စကားတွေရပ်သွားလောက်အောင် မှင်သက်သွားသည်။

“မာမီကြည့်ပါဦး..”

“ပြပါဦး ကလေးလေးကို”

ယသော့်လက်ထဲကနေ ကလေးကိုလက်လွှဲလိုက်တော့..

“အမယ်လေးလေးလေးလေး...ချစ်စရာလေးပါလား အမယ်လေး အသည်းတွေယားလိုက်တာ
သားငယ်လေး ကလေးကငယ်သေးတယ်မလား”

“ဟုတ်တယ်မေမေ (၄)ရက်သားပဲရှိသေးတယ်”

“ဟယ်!!ဒီလောက်ငယ်တာ ဘယ်လိုခေါ်လာတာတုန်း”

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now