Part - ( 29 )💙

11.6K 711 24
                                    

Unicode💙

နေယံနဲ့ ရှင်းသစ်နေ့လည်စာမစားရသေးဘူးဆို၍ အိမ်မှာပဲထမင်းစားသွားကာ နေ့လည်(၂)နာရီလောက်တွင်ပဲ ပြန်သွားလေသည်။နေယံဆိုသည်မှာ ကလေးကိုအသဲယားလို့ချီချင်သော်လည်း ကလေးကသူ့ဆိုအချီကိုမခံ နောက်ဆုံးတော့ ရှုံ့မဲ့မဲ့နဲ့ပြန်သွားလေသည်။

နေယံတို့ပြန်သွားချိန်မှာ စင်းတို့ရဲ့အနောက်ဆောင်ကလည်း သားအဖသုံးယောက်အတွက်ပြင်ဆင်ပြီးသည်ဖြစ်ရာ..မနုဿလေးကို ယသော်ကချီပြီး စင်းနဲ့တူတူ သူတို့ရဲ့အိမ်အသစ်ကိုဝင်ကြည့်လေတော့သည်။

ဒေါ်နန်းထပ်တိုးပြင်ခိုင်းထားတဲ့ ကလေးအသုံးအဆောင်ပစ္စည်းများနဲ့ ကလေးလေးရဲ့အဖေနှစ်ယောက်ရဲ့ပစ္စည်းများပါ အခန်းထဲတွင်သေချာစွာ စီစီရီရီထားထားသည်။
ကလေးအိပ်ဖို့ sleeping cageကအစ သေချာထားထားသည်။

“ကျယ်သားပဲ..ကိုယ်တောင်ဒီအနောက်ဆောင်ဘက်ကို မလာဖြစ်တာကြာလှပြီ”

“အော် ကျယ်ပါတယ်
လာ သားလေး.. ဖေဖေတို့တူတူ လျှောက်ကြည့်ကြမယ်”

ကလေးလေးကို လက်လွှဲယူကာ လျှောက်ကြည့်ကြသည်။
ယသော်ရဲ့အဝတ်အစားဗီဒိုကြီးကတင် သူတို့သားအဖေနှစ်ယောက်အေးအေးဆေးဆေးဝင်အိပ်လို့ရသည်။သူ့ဗီဒိုလေးက အလတ်စားပဲရှိသည်။ဒါကိုဘယ်တုန်းက မကျေနပ်လည်းမသိ..

“သားလေး..ကြည့်စမ်း မင်းပါးပါးရဲ့ အဝတ်အစားထည့်တဲ့ဗီဒိုကြီးကို ကြည့်ဦး
အကြီးကြီးပဲမလား နော်...အဲ့အကြီးကြီးသာ ထားထား ဝတ်လိုက်ရင် ဒီပုံစံပဲ အဲ့ဘဲကြီး လူအိုပုံနဲ့..”

“စင်း!!ကလေးကိုဘာတွေပြောနေတာလဲ”

“ဟင် မပြောပါဘူး ပစ္စည်းတွေလိုက်ပြရင်း ရှင်းပြနေတာပါ”

ဗြောင်လိမ်ဗြောင်စား အစင်းလေး..
ခုကန အားရပါးရ ပြောနေပြီး အခုကျသူမပြောပါဘူးတဲ့ အစအဆုံးကြားတဲ့ ယသော်ကရန်မဖြစ်ချင်၍လျှော်ပေးလိုက်၏။

“သားသားရေ...လာဒီမှာစမ်းအိပ်လိုက်ပါဦး..”

ကလေးကို sleeping cageထဲ ထည့်ကြည့်တော့ ကလေးကစူးစူးဝါးဝါးထငိုရှာသည်။

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now