Unicode💙
“သိလား..အဲ့ရပ်နေတဲ့..ယသော်ရာကျော်..ဆိုတဲ့ဘဲကြီးက....အခြောက်ကြီး...!!!”
“ဟမ်!!!!”
Barတစ်ခုလုံးကို ပိုင်ပိုင်နိုင်နိုင်လွှမ်းသွားတဲ့ (၁၇)နှစ်သားရဲ့ အသံအောက်..DJသမားတောင် အသံကိုလျှော့လိုက်ပြီး သူ့ကိုအာရုံစိုက်မိသွားလေသည်။
ယသော်ရာကျော်...အိမ်မက်များမက်နေသလား ထိုကလေးက သူ့နာမည်အပြည့်အစုံခေါ်လိုက်ပြီး..သူ့ကိုလက်ညိုးထိုးကာ အခြောက်ကြီးတဲ့..
“အမ်...မင်းရဲ့စင်းဘာဖြစ်တာလဲ..ယသော်”
စင်းရဲ့ အော်သံကြောင့် မူးပြီးရစ်နေတာဘယ်ရောက်သွားမှန်းမသိတဲ့ နေယံ ယသော့်ကိုမေးချေပြီ။
“စင်း..ခုနကဘာ-”
“ခင်ဗျားက အခြောက်ကြီးလို့”
“စင်းမင်းဘာတွေပြောနေတာလဲ...”
“ဒီမှာဗျို့....ကျွန်တော့်ကို အခြောက်ကြီးကအော်နေပါတယ်”
နားပိတ်ပြီး အော်နေတဲ့ စင်းကြောင့်ယသော် အပါအဝင် ကျန်လူများဘာလုပ်ရမှန်းမသိ။ Irisကတော့ ယသော်တို့ဝိုင်းနဲ့ဝေးရာသွားပြီးရယ်နေလေသည်။
“စင်း. ..ဘာဖြစ်တာလဲ ကိုယ်ပြောတာနားထောင်စမ်း”
“အခြောက်ကြီး !! အခြောက်ကြီး !!!အခြောက်ကြီး !!!”
တကယ့်ကို ကလေးများ သကြားလုံးမရရင် ဂျီကျသလို ကြမ်းပြင်ပေါ်ထိုင်ကာ နားပိတ်ပြီးအော်နေလေတော့...
“ရှင်းသစ်!!မင်းဘာလုပ်လိုက်တာလဲ”
ယသော်က စင်းကိုခေါ်သွားတဲ့ ရှင်းသစ်ကိုငေါက်ငမ်းကာမှ...
“ငါဘာမှမလုပ်-နေပါဦး”
သူစင်းကိုတိုက်လိုက်တဲ့ ခွက်ကကျန်တဲ့ အရည်နည်းနည်းကိုသောက်ကြည့်တော့မှ----
“အားလားလား...ယသော်ရေ...ငါရေနဲ့ Tequila မှားတိုက်မိလိုက်တာကွ..နည်းနည်းမှောင်နေတာနဲ့ ခွက်ချင်းရောသွားတာ”
ယသော်လှမ်းကြည့်တော့ ဟုတ်သည်..ထိုTequilaခွက်ဘေးမှာ သူနဲ့ပုံစံတူရေခွက်...
“သေလိုက်ပါတော့..မင်းမေကြီးတော်လေးကိုမှ မှားတိုက်”
“ဟ!!!တော်တန်တိတ်!!ယသော်ရာကျော် !!”
YOU ARE READING
My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)