Part -( 12 )💙

14.5K 967 15
                                    

Unicode💙

“ဦး ရောက်တော့မှာလား?”
“အင်း ရောက်တော့မှာ...”

မိနစ် ၂၀ လောက်ကားမောင်းလာခဲ့ပြီး ရောက်လာခဲ့သည်မှာ...Irisရဲ့အိမ်...

ခြံတံခါးကို ထောင်ထောင်မောင်းမောင်း လူတစ် ယောက်လာဖွင့်ပေးပြီး အိမ်ဦးမှာ ကားရပ်လိုက်တော့ အိမ်ထဲက အစောင့်နောက်တစ်ယောက်ထွက်လာကာ တံခါးလာဖွင့်ပေးလေသည်။

“ကြွပါ..boss မမလေး Iris အပေါ်ထပ်မှာစောင့်နေပါတယ်”

အိမ်အပေါ်ထပ်ကို အစောင့်ရဲ့ ဦးဆောင်မှုနောက်က တက်သွားလေတော့..

“အစ်ကိုလေး...အစ်ကိုလေးစင်းဟန်ပိုင် အတွက် ဝတ်စုံပြင်ပြီးပါပြီ”

“ဟမ် ဦးပြောတော့ pre- wedding ကြိုက်တာဝတ်ဆို ကျွန်တော်ဟိုနေ့က mallကရွေးလာတယ်လေ”

“အင်း သိတယ် မလှလို့...
Irisသူ့ကိုပြင်ပေးလိုက် ငါ အောက်ထပ်မှာစောင့်နေမယ်”

“ဟုတ်ကဲ့ အစ်ကိုလေး”
စင်းရဲ့စကားပြန်လာချိန်တောင် မစောင့်ဘဲဆင်းသွားလေသည်။

“အစ်ကိုလေး..အရင်ဆုံး ခေါင်းလျှော်မှာမို့ကြွပါ”

သူမခေါ်ရာနောက်လိုက်သွားတော့ spaလိုအခန်းမျိုး ဆက်တီအပြည့်အစုံနှင့် ခေါင်းလျှော်ရန်နေရာ။

“အစ်ကိုလေး စင်း လှဲလိုက်ပါ”
စင်းကို ပက်လက်အနေအထားလှန်လှဲစေကာ သူမက ဆံပင်စလျှော်ပေးတော့မည်။ ဘေးမှာ အကူလေးယောက်က တစ်ကောက်ကောက်လိုက်နေပေမဲ့ သူမကိုယ်တိုင်လျှော်ပေးနေသည်။

“ဟိုလေ..အစ်မနာမည် Irisနော်”

“ဟုတ်ပါတယ် အစ်ကိုလေး”
အသက်မပါတဲ့မျက်နှာထားနဲ့ သူမ ရယ်နည်းပြုံးနည်းတောင် ပြန်သင်ပေးရမလားမသိ။

“ဟိုကျွန်တော် ပြောစရာရှိလို့”

“ဟုတ်ကဲ့ ခဏနော်...
နင်တို့လေးယောက်အပြင်ထွက်နေကြ”

““ဟုတ်ကဲ့မမလေး””
“ရပါပြီ ပြောလို့ရပါပြီ အစ်ကိုလေး”

“ကျွန်တော့်ကိုလေ အစ်ကိုလေးလို့ မခေါ်ပါနဲ့ ကျွန်တော်က အစ်မထက်အများကြီးငယ်မဲ့ပုံပါ ဒါပေမဲ့ အစ်မအဲ့လိုခေါ်တာကြီးက သက်တောင့်သက်သာမရှိဘူး”

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Tahanan ng mga kuwento. Tumuklas ngayon