Unicode💙
ကလေးတစ်ယောက်က တစ်နေ့ကို ၁၈နာရီအိပ်တတ်သည်တဲ့..မနုဿ လေးကတော့ မနက်ရောညနေပါ တစ်ယောက်ပြီးတစ်ယောက် လက်ပြောင်းအချီခံနေရတာကြောင့် ပင်ပန်းသွားတယ်ထင်ပါရဲ့..တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။သူလေးကြောင့် စင်းနဲ့ယသော်လည်း အေးဆေးအိပ်နိုင်သည်။
မနက်(၆)နာရီ စင်းကထူးထူးဆန်းဆန်းအရင်နိုးလာပြီး မနုဿအတွက် နို့ဘူးထဖျော်ရှာ၏။အိမ်က အကူတွေက သူတို့လုပ်ပေးပါမယ်ဆိုတာတောင်လက်မခံ သူ့သားအတွက်သူဘာသာဖျော်ပေးချင်နေသည်။
ကြီးနွဲ့က သူပါအနောက်ဆောင်မှာ လိုက်နေပေးမယ်ဆိုတော့လည်း မဟုတ်။
မနုဿ ကို သူ့ကိုယ်သူ့လက်နဲ့သာ ပြုစုရမှာသာကျေနပ်လေသည်။နို့ဘူးဖျော်ပြီး ပြန်ဝင်အလာ..မကြာ မနုဿ ငိုနေချေပြီ။ယသော်လည်း နိုးလာပြီး ကလေးကို ချီကာ ချော့နေသည်။
"စင်း..."
"ဗျာ့"
"သားနိုးလာပြီ ကိုယ်လည်းရေချိုးမှာမို့ ရေတူတူချိုးပေးလိုက်မယ်"
"အမလေး... ဗုဒ္ဓေါ..
ကလေးပေါက်စလေးကို မနက်စောစောစီးစီးရေချိုးပေးလို့မရဘူးလေ ဦးရဲ့""ဟမ်..ဟုတ်လား
အဲ့တာဆို မျက်နှာသစ်ပေးလိုက်မယ်""ဦးလုပ်တတ်လို့လား"
"မျက်နှာသစ်ပေးတာပဲ လုပ်တတ်ပါတယ်"
"ဒါဆို ကျွန်တော် ကလေးကိုDiaperလဲဖို့ ပြင်ထားလိုက်မယ်"
"အင်းအင်း"
ရေချိုးခန်းထဲ သူ့သားကို ချီကာဝင်သွားတဲ့
ယသော်...သိပ်မကြာ..
ကလေးကစူးစူးဝါးဝါအော်ငိုလေသည်။
စင်း ကအလန့်တကြားနဲ့ အင်္ကျီရွေးနေတာကို ချပြီး ရေချိုးခန်းထဲပြေးဝင်သွားတော့.."ဘာဖြစ်တာလဲ!"
"စင်း သားငယ်က အသက်ရှူတဲ့အချိန်နဲ့ ကိုယ်မျက်နှာကိုရေသုတ်ချိန်တိုက်သွားလို့ နှာခေါင်းထဲရေဝင်သွားတယ်ထင်-"
ယသော့်လက်ထဲက ကလေးကို ဆွဲယူလိုက်ပြီး ကလေးနှာခေါင်းကို ပါးစပ်နဲ့တေ့ကာ နှာခေါင်းထဲကရေတွေကို စုပ်ထုတ်လေတဲ့ စင်း။
ထိုမြင်ကွင်းကို ယသော်ကြည့်ကာငိုင်နေမိသည်။စင်း မနုဿ ကိုချစ်တာသူသိသည် ဒါပေမဲ့ ဒီလောက်ချစ်တတ်မည်မထင်ထား။
YOU ARE READING
My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)