Part - ( 15 )💙

13.1K 923 20
                                    

Unicode💙

နေယံမိသားစုပိုင် hotel ကြီးမှာလုပ်တဲ့ နေယံမိသားစုရဲ့အငယ်ဆုံးသမီးလေးဘရဏီရဲ့ မင်္ဂလာပွဲကို တခမ်းတနားကျင်းပနေသည်။
ယသော်နဲ့ စင်း ကလည်း ကြင်စဦးစနှီးမောင်နှံလို တစ်ယောက်လက်တစ်ယောက်ကိုင်ကာ ကြည်နူးနေကြလေသည်။

သတို့သမီးနှစ်ယောက်စင်ပေါ်သို့ လှမ်းတက်သွားကာ စင်ပေါ်တွင် ဖာသာ ကျမ်းစာအုပ်လေးကိုင်ကာ ပြုံးပြုံးကြီးစောင့်နေ၏။

နှစ်ယောက်သားတစ်ဖက်တစ်ချက်တွင် ပခုံးချင်းယှဉ်နေရာယူလိုက်ပြီး ဖာသာက သူ့အလုပ်သူစတင်လေသည်။သတို့သမီးနှစ်ယောက်အား တစ်ယောက်ရဲ့ကောင်းကျိုးဆိုးကျိုးမှန်သမျှလက်ခံစေကာမူ နှစ်ယောက်သားဘဝကိုထပ်တူကြစေသည်။
လက်ထပ်လက်စွပ်ကို တစ်ယောက်ကိုတစ်ယောက်ဝတ်ပေးစေပြီး...

"ဘရဏီနေယံ သည် မေရီချစ်ခွန်းအား သင့်ဘဝလက်တွဲဖော်အဖြစ် ဆိုးတူကောင်းဖက် ပေါင်းဖက်နိုင်ပါသလား လက်ခံပါသလား"
"လက်ခံပါတယ်"

"မေရီချစ်ခွန်းသည် ဘရဏီနေယံအား သင့်ဘဝလက်တွဲဖော်အဖြစ် ဆိုးတူကောင်းဖက် ပေါင်းဖက်နိုင်ပါသလား လက်ခံပါသလား"
"လက်ခံပါတယ်"

"ဒါဆို ကျွန်ုပ်ရှေ့မှောက် အကြင်သူနှစ်ယောက်သည် ယနေ့မှစ အကြင်လင်မယား အရာမြောက်သွားပြီဖြစ်ကြောင်း-"
"ဖာသာ...လင်မပါဘူးလေ"

ဘရဏီ တစ်ယောက်မနေနနိုင်ကာ ထပြောလေသည်။
"အော်...ကျွန်ုပ်ရှေ့မှောက် အကြင်သူနှစ်ယောက်သည် ယနေ့မှစ ဘဝလက်တွဲဖော်အရာမြောက်သွားပြီဖြစ်ကြောင်း ကြေညာအပ်ပါသည်"

ထိုစကားကိုပြီးတော့မှ လူထုကြီးက လက်ခုပ်သြဘာပေးကြလေသည်။
သတို့သမီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်နမ်းကာ ပွဲအားပိုမိုပြည့်စေပြီး စင်ပေါ်ကခုံမှာထိုင်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကြ၏။

နေယံမိသားစုရော ရာကျော်မိသားစုပါ ပါဝင်ရိုက်ကြလေသည်။သတို့သမီးနှစ်ယောက်အပြင် စင်း၊ဟန်နီ ၊Iris၊ရှင်းသစ် တို့ပါပါဝင်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြသော်...
စင်းကို ယသော်က တင်းကြပ်စွာဆုပ်ကိုင်ထားပြီ ပြုံးဖြီးနေသည်။ဟန်နီတစ်ယောက်တော့ Irisဘေးမှာရှိနေ၍ အသက်ရှူတောင်မဝ။
နေယံ့ခင်ဗျာ သူ့ညီမ‌လေး က သူဘယ်လိုတော်ရမှန်းမသိတဲ့ သူ့ညီမမိန်းမကိုကြည့်ကာ ငိုချင်နေသည်။ဒေါ်နန်းထိုက်ပန်း ကစင်းဘေးမှာဖြစ်ပြီး သူမလည်းနောက် ဒီလိုweddingမှာ သတို့သားနှစ်ယောက်၏ မိခင်ဖြစ်ရမည်ကိုတွေးကာ ပီတိပြည့်လျက်။
"အားလုံးပဲ ပြုံးပြုံးလေနေပါဗျ"

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Nơi câu chuyện tồn tại. Hãy khám phá bây giờ