Unicode💙
ယသော်တို့မိသားစုနဲ့ နေယံတို့အတွဲပါ ချက်ချင်းကိုIrisရဲ့ ဆေးရုံကိုလိုက်သွားကြလေသည်။ဒေါ်နန်းကတော့ ဧည့်သည်တွေနဲ့မို့မလိုက်နိုင်ခဲ့။သားဖွားခန်းဝမှာ စောင့်နေတဲ့ ဟန်နီနဲ့ အဖွဲ့သားများ...
ဟန်နီမင်းမော်က ဘာဂါထာမှမရတဲ့အတွက်
အဖွဲ့သားစောမောင်ကတော့ သူ့အစား
အင်္ဂုလိမာလသုတ်ကိုရွတ်နေရသည်။စင်းတို့ရောက်သွားတော့ ဟန်နီမင်းမော်က မျက်ရည်လည်နေပြီ။
“ကိုကြီး..”
ကလေးကို ယသော့်ဆီထားကာ သူ့ထံသွားတော့..
“ကိုကြီး ဘာငိုစရာရှိလို့လဲ”
“မ.. မခွဲခန်းထဲမှာ (၁)နာရီလောက်ရှိနေပြီ ၊
ဒီတိုင်းမမွေးနိုင်လို့ ခွဲမွေးရမယ်တဲ့”“အာ ဘာမှမဖြစ်ပါဘူး
အမျိုးသမီးတချို့က အဲ့လိုပဲမွေးကြတာပါ ကိုကြီးရဲ့ စိတ်မပူပါနဲ့”“အေးလေကွာ ဘာမှမဖြစ်ပါဘူးကွာ
ငါတို့ရဲ့Irisက ကလေးမွေးတာလောက်ကို ကိစ္စမရှိဘူး”နေယံ ဟန်နီ့ကိုသာ အားပေးနေတာ သူကခြေတွေလက်တွေတုန်ယင်နေပြီ။သူလည်း သူ့ရဲ့အယုံကြည်ရဆုံးသူမကို စိတ်ပူတာပေါ့။
“ဟန်နီမင်းမော် စိတ်မပူနဲ့
Irisက မင်းထက်တောင် သန်မာသေးတယ်”ယသော်ပြောတာမမှား ဟန်နီမင်းမော်ကသာနုနုရွရွနေတာ Irisက တုံးဆိုတိုက်ကျားဆိုကိုက်။အကုန်လုံးထိုင်စောင့်နေကြရင်း..ဆုတောင်းပေးနေကြသည်။
တစ်နာရီခန့်အကြာမှာတော့..“လူနာ အောင်အောင်မြင်မြင် မွေးဖွားပြီးပါပြီ..အမွှာပါ မိန်းကလေးနှစ်ယောက်ပါ”
“ဗျာ!!!”
“အမွှာ!!”
“နှစ်ယောက်!!!”
အကုန်လုံး တအံ့တသြဖြစ်ကုန်ကြသည်။
ဒါကြောင့် သူမဗိုက်ကြီးက အပျိုဗိုက်ဖြစ်လျက် လိုသည်ထက်ပိုကာ ဖောင်းကားနေတာဖြစ်၏။“ဟေ့ကောင် ဟန်နီမင်းမော် မင်းကြမ်းလှချည်လား အမွှာတောင်”
“ကလေးတွေရော ကျန်းမာရဲ့လား ဆရာ”
အခုချိန်ထိ အမွှာနှစ်ယောက်အဖေက ဆောက်တည်ရာမရ ..
YOU ARE READING
My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)