Part - ( 33 )The End💙✨

23K 908 141
                                    

Unicode💙✨

"သား ဒေဝေါမဟုတ်ဘူး ရှူး..."

ယသော့်ကို ဒေဝေါဒေဝေါနဲ့ စနေတဲ့ သားဖြစ်သူကိုထိန်းရသေးသည်။ယသော့်ဒေါသက ကလေးလူကြီးမရွေးချေသည်ကို သိသောကြောင့်ပင်။

"စင်း အဲ့တာငါ့သားလားလို့!!"

"ဒါကျွန်တော့်သားပါ ခင်ဗျားသားမဟုတ်ဘူး"

"မနုဿရာကျော်!!"

ယသော်က ကလေးလေးရဲ့ နာမည်ကိုလှမ်းခေါ်လိုက်တော့ ကလေးက ယသော့်ကိုသေချာလှမ်းကြည့်ကာ

"ဒေဝေါ!!"
ဆိုကာကြောက်အားလန့်အားနဲ့ အော်ကာ
တလှမ်းခြင်းဆီ ကလေးနားကိုတိုးလာတဲ့ယသော့်ထံမှရှောင်ရန် မနုဿ လေးက စင်းအနောက်ကိုဝင်ပုန်းချေသည်။

ယသော့်လက်က စင်းအနောက်က မနုဿဆီကိုလှမ်းလေတော့ ထိုကလေးငယ်က စင်းကျောကိုကုတ်လေသည်။ဤသည်မှာ သူမလိုချင်ဘူးဆိုတဲ့ သဘောမည်သည်လား။

"ဦး!! ကလေးကိုမထိပါနဲ့"

"ဘာ"

"ကလေးက ကြောက်နေတယ်လေ"

"မင်းယုတ်မာခဲ့လို့ ငါ့သားကငါ့ကိုလန့်နေတာလေ"

"ဦးယသော်ရာကျော်! စကားကိုကြည့်ပြောပါ
ကျွန်တော်မှားခဲ့တယ် ဟုတ်တယ်..ဒါပေမဲ့ ကျွန်တော်ဘယ်သူ့ကိုမှမယုတ်မာခဲ့ဘူး"

"ယုတ်မာတယ် မယုတ်မာဘူးဆိုတာ မင်းကိုယ်မင်းအသိဆုံးနေမှာပေါ့ စင်းဟန်ပိုင်ရာ"

"ဦးယသော်ရာကျော်!!!"

"ပါးပါး..ပါးပါး.."

ထိုင်လျက်သားရန်စွာနေတဲ့ စင်းနဲ့အနောက်ကပုန်းနေတဲ့ကလေး..
သူ့ရဲ့အဖေဖြစ်သူစင်းရဲ့အော်သံနဲ့ ယသော့်ရဲ့မျက်နှာထားပါ ပေါင်းကာလန့်ချေတာမို့
ကလေးက သူတို့နှစ်ယောက်ကြားထဲမှာ ငိုသံပါနေချေသည်။

"လာ..လာ..ဘာဖြစ်မဖြစ်ဘူး
ပါးပါးတို့စကားပြောနေရုံပဲ"

မနုဿကိုချော့မြူကာ ပေါင်ပေါ်ကိုတင်လိုက်လေတော့ ဘယ်လောက်ပဲ မုန်းသည်ဆိုတဲ့ ယသော်မှာ ကလေးကိုနေရင်းထိုင်ရင်းကို ချီချင်လာလေ၏။

"စင်း ငါကလေးကိုချီချင်တယ်"

"မရဘူး"

"အဲ့တာငါ့သားလေ ဘာလို့မရရမှာလဲ"

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now