Unicode💙
Irisအား လည်ပြန်ငေးကာ ကားဆီသို့လမ်းလျှောက်လာလေပေမဲ့လည်း ဟန်နီမင်းမော်ရဲ့ မျက်လုံးထဲ သူမကထုတ်မရ ။
ဟန်နီကားပေါ်ကိုဝင်ထိုင်လိုက်ကာ မင်းသွင်ကိုကားမောင်းဖို့ ပြောလိုက်လေသည်။
အိမ်ပြန်ရောက်ချေတော့....“ဟယ်...သားငယ်လေး ဘယ်လိုလုပ်အစောကြီးပြန်လာတာလဲ သားအစ်ကိုနဲ့ထမင်းမစားလာဘူးလား”
“ဟုတ်မာမီ...သား...မာမီနဲ့ပဲစားချင်လို့”
တကယ်လည်း စင်းက ဒေါ်နန်းထိုက်ပန်း နဲ့ ဦးခန့်ရာကျော် ကိစ္စကိုမြင်တွေ့ပြီးကတည်းက ရင်ထဲမကောင်းဖြစ်သွားကာ သူမနှင့် အချိန်ပိုပေးချင်၍ဖြစ်သည်။
“အော်...သားငယ်ရယ်...သားအစ်ကိုနဲ့တခါတည်းစားလာရောပေါ့တော်ကြာသားအစ်ကိုလည်းဗိုက်ဆာနေဦးမယ်”
“မာမီရော..ဗိုက်ဆာပြီလား”
“အမယ်လေး အတတ်ကလေး...လာပါလာပါ ထမင်းစားကြမယ်...
နွဲ့ရေ...ထမင်းဝိုင်းပြင်လိုက်တော့နော်..”ဆိုကာ မီးဖိုချောင်အကြီးအကဲနွဲ့ကို မှာလိုက်တော့ အိမ်တော်ကမီးဖိုချောင်အလုပ်သမားတွေက စတင်ကာ ပြင်ဆင်ကြလေသည်။ ဟန်နီမင်းမော်ကတော့ အဝတ်အစားလဲပြီး ထွက်လာချိန်နဲ့ ထမင်းဝိုင်းပြင်ပြီးချိန်နဲ့ တိုက်နေတာမို့ (၃)ယောက်လက်စုံစားကြလေသည်။
“သားငယ်လေး...ဒါက အပ်မှိုသုပ်..မင်းအစ်ကိုကကြိုက်တယ်လေ..သားငယ်လည်းကြိုက်ရင်ပြောနော်မာမီခဏခဏ လုပ်ပေးခိုင်းလိုက်မယ်”
ဆိုကာ သူမဘေးက စင်း ရဲ့ ပန်းကန်ထဲ အပ်မှိုသုပ်အားထည့်ပေးလိုက်သည်။သူမရဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဟန်နီကတော့ ဘာအသံမျှပင်မထွက် ထမင်းသာငုံ့စားနေလေ၏။
“ရတယ်မာမီ မာမီသာစားပါ သားဘာသားထည့်စားပါ့မယ်”
စကားတစ်ပြောပြောနဲ့ စင်းcompanyလိုက်သွားတဲ့အကြောင်းမေးကာ ထမင်းစားပြီးသွားကြသည်။
ဒေါ်နန်းထိုက်ပန်း သစ်သီးဗန်းလေးကိုင်ကာ စင်းနဲ့တူတူစားရန် TVကြည့်နေသည့် စင်းထံကိုယူလာလေသည်။
YOU ARE READING
My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)