Part - ( 6 )💙

15.8K 1.1K 58
                                    

Unicode💙

“ကိုကို..”

ထိုခေါ်သံမှာ ယသော်ရဲ့သွေးကြောထဲထိစိမ့်ဝင်သွားကာ ကြက်သီးမွေးညင်းထသွားလေသည်။

ယသော့်အခန်းထဲမှာ အဝတ်လဲနေတဲ့စင်း...။ယသော့်အင်္ကျီကိုသေချာကြည့်နေမိသည်။အတွေးများစွာဖြင့်ပေါ့...။
ဘာလို့ ယသော် က မန်နေဂျာ ကိုသတ်လိုက်သည်လဲ ဧည့်ခန်းထဲမှာထိုင်နေတာကရော ဘယ်သူလဲ စသည့်အတွေးတို့ဖြင့်။

ယသော့် အင်္ကျီကိုဝတ်လေတော့ ယသော့်ရဲ့ ကိုယ်သင်းနံ့ကထောင်းကနဲ...။သူ့ကိုဖက်တုန်းကလည်း ထိုအနံမျိုးပင်။ရေမွှေးနံ့လိုလိုပန်းအနံ့လိုလို...။

အင်္ကျီကိုဝတ်ပြီး အခန်းထဲတောင်ကြည့်မြောက်ကြည့်လုပ်လေတော့...သူ့အခန်းက ရိုးရိုးရှင်းရှင်းပင်။

king sizeမွေ့ယာကြီး...စာကြည့်စားပွဲလေး...ပြတင်းပေါက်ဝမှာချိတ်ထားတဲ့ dream catcherလေး...ဗီရိုကြီးတစ်ခုနဲ့
စာရွက်စာတမ်းတွေ။

ဟိုကိုင်ကြည့်ဒီကိုင်ကြည့် လုပ်ချင်ပေမဲ့ ယသော့်ကိုကြောက်တာကြောင့်မကိုင်ဖြစ်။

အခန်းထဲမှာနေရတာ ပျင်း၍ အရဲစွန့်ကာ အောက်ထပ်ကိုသွားမည်....ပျင်းတာထက် ဧည့်ခန်းထဲက မျက်နှာတည်မျက်နှာထားနဲ့ သူကိုပိုစိတ်ဝင်စား၍ဖြစ်သည်။

ဆယ်ကျော်သက်အရွယ်ဆိုတော့ အရာရာကို စူးစမ်းစပ်စုသကိုး။

လှေကားပေါ်ကဆင်းလာတော့ ထိုမြင်ကွင်းမှာ....

“ကိုကို...ကိုကိုပဲ မြန်မာကိုလိုက်လာဆိုလို့ လိုက်လာတာလေ”

ရုံးပတီသီးအရည်ညှစ် ရှားဇောင်းပင်အနှစ်ခြစ် တဲ့အသံနဲ့ ထိုသူ။

သိသလိုလိုမသိသလိုလိုအထာနဲ့....ဧည့်ခန်းကခုံမှာဝင်ထိုင်တော့...ဒေါ်နန်းက သူ့ကိုသေချာနေကြည့်တော့..

“ဟီးဟီး ”

ဆိုကာ သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင် ရီပြလိုက်တော့ ဒေါ်နန်းက စင်းအနားတိုးလာကာ...

“သားက ဘယ်သူလဲ”
“သားက စင်းဟန်ပိုင် ပါ အန်တီ”

ဒေါ်နန်းထိုနာမည်ကို သူ့သားခုနမထွက်သွားခင်က ဖုန်းပြောရင်းကြားလိုက်သည်မလား။

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now