Part - ( 16 )💙

13.8K 919 49
                                    

Unicode💙

စင်းခေါ်ရာကိုလိုက်လာတော့ ဒီကလေးပြောသလို ပျော်ရွှင်မှုတွေထားတဲ့နေရာအလား။

မုန်ညင်းစိုက်ခင်းတွေ ကန်စွန်းစိုက်ခင်းတွေ မြေပြင်ပေါ်က ရထားလုံးလို့ တင်စားတဲ့ ရွှေဖရုံသီးတွေ အဘိုးတစ်ယောက်တည်းစိုက်ထားသည်မှာ တကယ်ချီးကျူးဖို့ကောင်းသည်။

"ဦးသတိထားနော်..အကောင်တွေဘာတွေတက်နင်းမိဦးမယ်"

"ကိုယ်ကမင်းကိုပြောရမှာပါ မင်းကကြောက်တတ်သလိုမကြောက်တတ်သလိုနဲ့ အမျိုးအမျိုးလုပ်နေတာ.."

"ဟီးဟီး....
ဦးဟိုဟာကဘာ??..ကျွန်တော်မေ့နေလို့..."

စိုက်ခင်းအနောက်ဘက်မှာချောင်းကြီး ရှိတာကြောင့် ထိုချောင်းထဲမှာ ဗေဒါတွေမျောပါနေသည်။ဗေဒါတွေကလည်း ခရမ်းလွင့်လွင့်အရောင်နဲ့ ချောင်းထဲမှာ တင့်တယ်လှသည်။

"ရွှေကြာတွေလေ"

"ဟမ်!!မဟုတ်ပါဘူး ဦးကလည်း ကျွန်တော်မမှတ်မိဘူးဆိုတာနဲ့ ဂျင်းထည့်နေတာ"

"အရှေ့ကဟာ ကိုယ့်ဘာသာကိုယ်စဥ်းစားလေ လက်ဖက်နာမည်တောင်ရှိသေးတယ်...
အမ်အမ်ရွှေကြာ...ဆိုပြီး"

အဖြေကိုမပြောပြဘဲ စင်းကိုစနေတဲ့ ယသော် စင်းစိုက်ခင်းဘေး မြေဘောင်မှာရပ်နေကာ စဥ်းစားကြည့်တော့မှ...

"ဗေဒါ !!!!အကျင့်ပုတ်လိုက်တာ တန်းမပြောပြဘူး"

"ကိုယ် အကျင့်ပုတ်တာအခုမှသိလား"

ချောင်းနားဘေးသွားကာ ဗေဒါတွေကိုကြည့်နေရင် အဘိုးအသံကြားလိုက်ရသည်။

"စင်းရေ..."
"ဗျာ..အဘိုး..."

"အဘိုး လမ်းလျှောက်သွားတော့မလို့...အသီးတွေအရွက်တွေခူးမပေးတော့ဘူး ကိုယ့်ဘာသာကိုယ်ခူးသွား..အိမ်ထဲမှာမုန့်တွေလည်းရှိတယ် စားသွားဦး"

"အဘိုးကလည်း ရပါတယ်"

"ရပါတယ် မလုပ်နဲ့ မင်းတို့ဆီမှာ ဒီလိုလတ်လတ်ဆတ်ဆတ်တွေမစားရဘူး ယူသွား ကြားလား"

"ဟုတ်ဟုတ်"

"ငါသွားပြီနော်"
"ဟုတ်ကဲ့အဘိုး"

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now