Part - ( 2 )💙

23K 1.4K 102
                                    

Unicode💙

“ဟို..ဟို..နေ့က..ဦးလေးကြီး!!”

စင်း ကို ချက်ချင်း စားမလိုဝါးမလိုအကြည့်တွေနဲ့ ယသော်သာ ဘီလူးဆိုရင် စင်းကတော့ ထိုအကြည့်တွေအောက်ပြာကျနေလှပြီ။

“စောက်ကလေး!!ငါ့ကို ဦးလေးကြီးလို့ခေါ်ပြန်ပြီလား”

“စင်း..ပြောပြီးသားလေ..ကျွန်တော်က ဦးလေးထက်ငယ်ပါတယ်လို့ ဦးလေးမွေးရင် ဦးလေးသားအရွယ်လောက်ပါဆိုမှ..”

“ဒီမလောက်လေးမလောက်စား ငါလုပ်ရင်သေတော့မယ်”

စင်း ကို ထပြီးရန်ရှာမယ်အလုပ် ယသော့်ကို နေယံကကောက်ထိန်းလိုက်သည်။

“ကဲ..ကဲ..ယသော်ရာ စိတ်လျှော့ပါကွာ..
ရော့ညီလေးရော့..မုန့်ဖိုးယူသွား”

စင်းရဲ့လက်ထဲကို ၁သောင်းတန်၁၀ရွက်ထည့်ပေးလိုက်ကာ စင်း ကို ဝိုင်းနဲ့ဝေးရာကိုပထုတ်လိုက်လေသည်။

“နေယံ မင်းဘာလုပ်တာလဲ!!”

“ယသော်..ငါ့ကောင်ရာ..သူပြောသလိုဖြစ်လောက်တယ် ၊ ကောင်လေးကကလေးရုပ်တောင် ပျောက်သေးတာမဟုတ်ဘူးကွ”

“ဘာ! မင်းကအဲ့စောက်ကလေးဘက်ကလား”

“မဟုတ်ပါဘူးကွာ..ဘာပဲဖြစ်ဖြစ်ငါတို့ကအကြီးလေ အငယ်တွေကိုခွင့်လွှတ်ပေးရမှာပေါ့မင်းကလည်း”

“ကျစ်!!တော်ပါကွာ..”

“မောင်မင်းကြီးသား..ရွှေစိတ်တော်မညိုးပါနဲ့ မင်းစိတ်တိုရင်ငါကြောက်လို့ပါ..”

ယသော်စိတ်တိုရင် ဘာဖြစ်တတ်လဲဆိုတာကို ငယ်ပေါင်းနေယံ အသိဆုံး။သို့ပေမဲ့ ဘာမဟုတ်တဲ့ ‘ဦးလေး’ ဆိုတဲ့အခေါ်နဲ့ ဆတ်ဆတ်ထိမခံဖြစ်နေသည်။

“အဲ့ စင်းဟန်ပိုင် ဆိုတဲ့ ကောင်လေးအကြောင်း ငါ့ကိုစုံစမ်းပေး”

“ဟင်..ဘာလို့လဲ”

“သိချင်လို့ ငါအားယားလို့စုံစမ်းခိုင်းတယ်ထင်လား”

“မဟုတ်ပါဘူးကွာ စုံစမ်းပေးပါ့မယ်။ မနက်ဖြန်ရစေမယ်နော်ဟုတ်ပြီလား အခုတော့သောက်”

နေယံ လက်ထဲထည့်ပေးတဲ့ ပိုက်ဆံကိုသေချာကြည့်ရင်း အဝတ်လဲခန်းကို တဖြည်းဖြည်းလျှောက်လာတဲ့ စင်း။
စိတ်ထဲတွင်....

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now