Unicode💙
ရှင်းသစ်ရဲ့စကားလုံးကြောင့် ကြာလေကြာလေစိတ်ကျဥ်းကြပ်လာတဲ့ နေယံ..ရှင်းသစ်ကလည်း လုံးလုံးအလျော့ပေးမည်မဟုတ်။
ယသော်က သူတို့ကြားဝင်ပါမည်ဟန်ပြင်သောကြောင့် စင်းကတားထားရချေသည်။"ရှင်းသစ် ငါမင်းကို-"
"ငါ့ခံစားချက်တွေကို ငြင်းမဲ့စကားဆိုရပ်တန်းကရပ်လိုက်...ငါလိုချင်တဲ့အဖြေမဟုတ်ရင် လက်ခံမှာမဟုတ်ဘူး"
"မင်းသဘောတိုင်း ဖြစ်ချင်တိုင်းဖြစ်ရအောင် မင်းကိုမင်းဘာကောင်ထင်နေတာလဲ ရှင်းသစ်"
"ယံ့ရဲ့လင်..!!"
"ရှင်းသစ်မင်းတော်တော့နော် ကြာရင်ငါ့အဆိုးမဆိုနဲ့!!"
နေယံက စိတ်လှုပ်ရှားရာကနေ စိတ်တိုတဲ့အဆင့်ကို ကူးပြောင်းသွားသည်။
သူ့လိုတချိန်လုံး အဖြောင့်ဂုဏ်ထိန်းလာတဲ့ သူကို ရှင်းသစ်က ချည်ပြီးတုတ်ပြီး လူကြားထဲမှာ ဖွင့်ပြောတာကြောင့် ရှက်ရမ်းရမ်းနေပြီ။"အဲ့တာငါပြောရမှာ..ငါ့ကိုငြင်းရင် ငါ့အဆိုးမဆိုနဲ့ ယံ...ငါဘာကောင်လဲမင်းသိပါတယ်"
"နေပါဦး..မင်းကငါ့ကိုရည်းစားစကားပြောနေတာလား ခြိမ်းခြောက်နေတာလား
မင်းခြောက်တိုင်းကြောက်ရအောင် ငါဘာကောင်ဆိုတာလဲမင်းသိတာပဲ""ငါမျက်လုံးထဲမှာတော့ မင်းကကလေးပဲ"
"ရှင်းသစ်!!"
ရှင်းသစ်လက်ထဲက အတင်းရုန်းထွက်နေတာကြောင့် ရှင်းသစ်စိတ်မရှည်တော့...
"မရုန်းနဲ့လို့ ငါပြောနေတယ်လေ"
"မင်းကဘာလို့ချုပ်နေတာလဲ ငါ့ကိုရည်းစားစကားပြောနေတာလား မုဒိမ်းကျင့်မလို့လား"
"မင်းကိုမုဒိမ်းကျင့်လည်း လက်ခံမဲ့သူတွေကြီးပဲ..မင်းညီမထိပ်ဆုံးက..."
"ဘာ!!!"
"မယုံရင်မေးကြည့်လေ.."
ရှင်းသစ် ဘရဏီ့ထံ မျက်နှာလှည့်ကာ မေးငေါ့ပြတော့ ဘာစကားမှတောင်ပြောစရာမလို ညီမဖြစ်သူက ပုတ်သင်ညိုသေလို့ဝင်စားသလား...ခေါင်းကိုတစ်ဆတ်ဆတ်ညိမ့်လျက်ရှိသည်။
YOU ARE READING
My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)