Part - ( 22 )💙

13K 832 31
                                    

Unicode💙

ဒေါ်နန်းဖက်ထားတဲ့ လူသားနှစ်ယောက်မှာ..
ဒေါ်နန်းရဲ့ စိတ်အာရုံကို သူတို့ဆီတွင်ဖမ်းစားလိုက်ပြီး စိတ်ညစ်စရာတွေကို ပျောက်သွားစေသည့်အစွမ်းရှိသည်။

ပွဲမထူးတဲ့ ကိုငိုပွဲဝင်နေယံတစ်ယောက်က ထုံးစံအတိုင်းငိုနေချေပြီ။

"အီးဟီး...နေယံရယ် အဖြစ်ဆိုးလိုက်တာ.."

"နေယံ ဟေ့ကောင် ယသော်အခုမှproposeလုပ်ပြီး အဆင်ပြေသွားတာကို ဘာလို့အသုဘလိုငိုနေတာလဲ"

နေယံတစ်ယောက်..ရှင်းသစ်ပေးဝတ်ထားတဲ့ suitရဲ့ အင်္ကျီလက်ကို သုံးကာ နှပ်ချေးတွေရော မျက်ရည်တွေပါသုတ်လိုက်ပြီး..

"မင်းစဥ်းစားကြည်လေကွာ..ငါ့အချစ်ဆုံးညီမရဲ့ second wedding မှာ ငါ့သူငယ်ချင်းကလည်း ရည်းစားစကားတောင်မဟုတ်ဘူး လက်ထပ်ခွင့်ပါတောင်းပြီး အောင်မြင်သွားတာလေကွာ။
လောကကြီးမှာ ငါ့လိုရုပ်ချောတဲ့သူတွေပဲ ရည်းစားမရှိတော့တာကွ...ဟီး.."

"မငိုပါနဲ့တော့ကွာ..
ငါ့အင်္ကျီလည်းနှပ်ချေးသုတ်တဲ့ အဝတ်စုတ်ဖြစ်နေပါပြီ"

ရှင်းသစ်ကတော့..သူမဝတ်ရသေးဘဲ နှပ်ချေးသုတ်စ ဖြစ်သွားတဲ့ suitလေးအတွက် ရင်ထဲမှာ ဝမ်းနည်းပင်လယ်ဝေနေသည်။

"မင်းစဥ်းစားကြည့်ကွာ ငါ့မှာဘယ်သူမှမရှိတော့ဘူးကွ ယသော်က စင်းနဲ့ ဟန်နီမင်းမော်က Irisနဲ့ကွ!!"

ထိုစကားကို ဟန်နီကတော့ မျက်နှာကြီးတစ်ခုလုံး ခရမ်းချဥ်သီးလို နီရဲတွတ်လာကာ..ခြေများလက်များကိုပွတ်နေမိသည်။

"ဘယ်သူမှမရှိလည်း ငါရှိတယ်လေကွာ.."

"ဟင်..ဒီသူတောင်းစားဘာတွေလာပြောနေလဲမသိဘူး..အီးဟီး!!ရွှတ်!!"

"နေယံ!!!!မိုက်ရိုင်းလိုက်တာကွာ တခြားနေရာကိုပစ်ကွ ရွံစရာကြီးတွေ"

ငိုနေတဲ့နေယံနဲ့ အဆင်ပြေသွားတဲ့အတွဲတွေကို တွေ့ကာ.ပွဲလာသူအပေါင်း ပါးစပ်ပင်မစေ့ရ။

"ကဲကဲ..လူကြီးမင်းတို့အားလုံး ပင်လယ်ကြီးကိုနောက်ခံထားပြီး အားလုံးဓာတ်ပုံရိုက်ကြမယ်လေ"

My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)Where stories live. Discover now