Unicode💙
မျက်လှည့်ဆရာ မြွေကိုဖမ်းဖို့ရာ နောက်ကျသွားချေပြီ။
ပွဲကြည့်နေတဲ့သူတွေကရုတ်တရက်လန့်ကာပြေးကြသည်မှာ ကပွဲဆီသို့ ကပွဲက ယသော်လည်း ကြည့်လိုက်တော့ သူ့ရဲ့စင်းကတန်းတန်းမတ်မတ်ကြီး မပြေးဘဲရပ်နေသည်။လူအုပ်ထဲကို လွန့်လူးကာပြေးလာတဲ့ ထိုမြွေလျှောတိုက်သွားသည်မှာ စင်းဆီသို့တန်းလျက်.....
“အာ့...”လူအုပ်ကြားထဲက ‘အာ့’ ဆိုတဲ့အော်သံသာကြားလိုက်ပြီး ယသော်ကြည့်နေတဲ့ စင်း ပျောက်သွားချေပြီ။
ရှင်းသစ်ကအလန့်တကြားနှင့် သူ့ဘေးကိုငုံ့ကြည့်နေရာ
ယသော်ချက်ချင်းဆိုသလို ထိုနေရာသို့ပြေးလာလေတော့..“လာစမ်း..မင်းဘယ်ပြေးမလဲ ကောင်စုတ်..အမယ် မြွေကောင်လေးကသေးသေးလေး မင်းကငါ့ကိုကိုက်ဖို့ပြေးလာပေါ့ဟုတ်လား ဟင်းဟင်း”
လူအုပ်ကြီးငြိမ်သက်သွားကာ အသံလာရာကိုကြည့်တော့...
စင်းက ထိုမြွေရဲ့ပါးစောင် နှစ်ဖက်ကိုကိုင်ကာညစ်ထားပြီး မြွေကိုဆုံးမနေသည်။ရှင်းသစ်ဆိုသည်မှာ ပါးစပ်ထဲကဘာမှပင်ထွက်မလာလောက်အောင် အံ့သြနေသည်၊ခုနက ဓားခုတ်ကောင်ကိုကြောက်လို့ မျက်နှာအုပ်ထားတဲ့ (၁၇)နှစ်သားလေးက အခုမြွေကို ပါးစောင်ကညှစ်ကာကိုင်ထားလေသည်။မည်သို့ပင်မြွေကသေးသည်ဆိုစေ...မြွေကိုဒီလို တော်ရုံသတ္တိနဲ့ကိုင်လို့မရနိုင်။
ယသော်လည်း စင်းကိုကြည့်ပြီးတုန်လှုပ်သွားသည်။
ဒီကလေးရဲတင်းမှန်းသိပေမဲ့ ဒီလောက်ထိလုပ်ရဲမည်မထင်။“သား..ပေးပေး အဲ့မြွေ ဦးကိုပေး”
ဆိုကာ မျက်လှည့်ဆရာ စင်းလက်ထဲက မြွေကို လက်လွှဲယူကာ တောင်းထဲထည့်လိုက်သည်။
စင်းကသာဘာမှမဖြစ် ယသော်က မြွေကလွှတ်ပြီး စင်းထံရောက်လာတာကိုမကျေနပ်၍သောင်းကျန်းလေသည်။
“ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ...အဲ့တာမြွေလေ ကိုက်ခံရင်သေတတ်တာနားလည်ဘူးလား”
“မဟုတ်ပါဘူးဆရာ ဦးရဲ့မြွေတွေက အဆိပ်ထုတ်ပြီးသားပါ...”
မျက်လှည့်ဆရာ ရှင်းပြလည်းနားမဝင်..
YOU ARE READING
My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)