Unicode💙
ကားပေါ်မှာငိုနေတဲ့ စင်း ဘက်မှန်ကနေ ယသော့်ကိုကြည့်တော့....
သက်ပြင်းတွေသာချနေတဲ့ ယသော်...သူဖြစ်စေချင်ကတစ်မျိုးဖြစ်လာတစ်မျိုးမို့ သူဘာဆက်လုပ်ရမလဲပင်မသိ။ယသော်တစ်ယောက်စိတ်ကိုအတတ်နိုင်ဆုံးစုစည်းလိုက်ကာ ကားထဲကိုပြန်ဝင်လာလေသည်။
ယသော့်ကိုမြင်တာနဲ့ စင်းကမျက်ရည်တွေ ကပျာကယာသုတ်လိုက်ပြီး ဘာမှမဖြစ်သလိုဆက်ဟန်ဆောင်နေ၍
ယသော်က ဘာမှမပြောဘဲ ကားကိုအိမ်ပြန်လမ်းသို့ မောင်းနှင်လာခဲ့လေသည်။အိမ်ပြန်ရောက်တော့..ဒေါ်နန်းထိုက်ပန်းနဲ့ ဟန်နီမင်းမော် တို့ကစောကာ ပြန်ရောက်နေကြသည်ဖြစ်သဖြင့်
စင်းတို့ပြန်လာမည်ကိုစောင့်နေကြသည်။“သားကြီး..နောက်ကျမယ်ဆို...”
“အင်း အခုနောက်မကျတော့ဘူးလေ..”“သားငယ်နဲ့သားကြီးဘာဖြစ်လာတာလဲ”
“ဘာမှမဖြစ်ပါဘူး အမေရဲ့ သားသွားနားတော့မယ်’“အင်းအင်း”
ယသော်က အိမ်ပေါ်ထပ်ကိုတန်းတက်သွားလေပြီး ကျန်ခဲ့တဲ့စင်းကိုမေးကြည့်တော့လဲ စင်းကဘာမှမဖြစ်ဘူးသာဆိုနေလေ၏။
နောက်နေ့မနက်ရုံးတတ်ချေတော့...,
စင်းနဲ့ဟန်နီ အထပ်(၁၇)က သူတို့ရဲ့ကိုယ်ပိုင်စားပွဲတွေဆီသွားကာ အလုပ်စလုပ်ချေတော့မည်။စင်းကသူ့ခုံမှာ ပစ္စည်းတွေတင်ပြီးထိုင်ပြီးချိန်..
“ဟယ်...ငါ့မောင် အစင်း”
“ဗျာ မကြည်နူး”“အမယ်လေး နင့်ရဲ့နာမည်များခေါ်လို့ကောင်းလိုက်တာနော်...အစင်းတဲ့...ငါ့နာမည်များ ‘အ’ ထည့်ခေါ်ရင် အကြည် ..အနူး..အမေ တဲ့ကောင်းရော”
ကြည်နူးမေ စ လို့ စင်းသဘောကျကာရယ်မိသွားလေသည်။
“မကြည်နူးကတော့ နောက်ပြီဗျာ”
“အမယ်လေး ငါ့မောင်ကို စနေတာနဲ့ ပြောဖို့မေ့တော့မလို့”“ပြောလေ မကြည်နူး’
“Boss က ငါ့မောင်ကိုအလုပ်လုပ်ဖို့ဌာနပြောင်းလိုက်ပြီ”“ဟမ်!!!ဘယ်ကိုလဲ”
မနေ့ကမှ စ၍ ရန်ဖြစ်သည် ဒီနေ့စ အစွမ်းပြချေတဲ့ ယသော်။သူ့ကို ရာထူးပြောင်းထားလည်း တစ်လမ်းလုံးကားတူတူစီးလာတာ ပြောလို့ရပေမဲ့မပြော။မကြည်နူးကို ဓားစားခံ လုပ်လေသည်
![](https://img.wattpad.com/cover/291041416-288-k629060.jpg)
YOU ARE READING
My Boy Is An Affluenza(ငါ့ကောင်လေးက ပိုက်ဆံမက်တဲ့သူ)