Story of my life(1)uni+zg

22.6K 464 9
                                    


Unicode

ပထမဦးဆုံးပြောချင်တာတော့ ထုံစံအတိုင်း
rude language အနည်းငယ်ပါပါမယ်

____________________________________

" လမ်းပျောက်နေတာလား... "

ဆေးလိပ်ကိုလက်ညိုးနှင့် လက်ခလယ်ကြားထဲ ညှပ်ချလိုက်ပြီး အရှေ့မှ platform ပေါ်ငုတ်တိုင်လေးထိုင်နေသည့် အသက်7နှစ်8နှစ်အရွယ် ကလေးရှေ့ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်.....

သူ့ရဲ့လူထင်ကြီးလောက်တဲ့ဂုဏ်သရေရှိသည့် နှုတ်ခမ်း တစ်ဖတ်ကွေးအပြုံးနဲ့ ပြုံးပြဖို့ကိုလည်းမမေ့ခဲ့ဘူး

"လူဆိုးလား....! "

မော့ကြည့်လာတဲ့ မျက်လုံးဝိုင်းဝိုင်းလေးမှာ မျက်ရည်စတွေဝေ့ဝဲကာနေသည်၊လက်သီးစုတ်လေးတွေကို ပေါင်ပေါ်တင်ပြီး ခန္ဓာကိုယ်သေးသေးလေးဟာ တုန်ယင်နေသထက်တုန်ယင်လို့...

ထိုးထိုးထောင်ထောင်ဆံပင်တွေဟာလည်းရှုပ်ပွပြီး
ထိုကလေးဟာ အိမ်ခြေရာမဲ့ ညစ်ပေတူးလေးတစ်‌ယောက်သာ ဖြစ်မည်ဟု ပထမဦးဆုံးထင်မိတယ်။

"ငါလည်းမင်းနဲ့အတူတူဘဲ..အိမ်ပြန်လမ်းပျောက်နေတဲ့သူ.... "

ဝဲတဲတဲ မျက်ရည်တို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မိမိအားထိုကလေးက ပြူးကြောင်ကြောင်လေး ကြည့်လို့နေမြဲ..

"နာမည်ဘယ်လိုခေါ်လဲ... ၊အသက်ဘယ်နှစ်နှစ်လဲ"

အတော်အတန်ကြာတဲ့အထိ အဖြေမလာသေးပါဘဲ ၊သူ့လက်သည်းငုတ်တိုလေးတွေကိုတတိတိနှင့်ကိုက်နေဆဲ....

"ဒီတစ်သက် မင်းနာမည်ပြောဖို့အစီအစဉ်မရှိတော့ဘူးလား "

ခေါင်းခါပြတာဟာ ဘာသဘောလဲ၊မရှည်တဲ့စိတ်ကိုအတတ်နိုင်ဆုံးတော့ ဆွဲဆန့်ထားသေးတာဘဲ
စိတ်ရှိလက်ရှိသာဆို မေးမနေတော့ဘဲ ကုတ်ကနေဆွဲပြီးရဲစခန်းကို ကလေးတစ်ယောက်လမ်းပျောက်နေတာ
ဆိုပြီး ပို့ပေးလိုက်ပြီ...

"ခြင်တွေလည်းကိုက်လာပြီ အမှောင်ကြီးထဲမှာ ငါတို့နှစ်ယောက်ကိုသရဲဆွဲသွားမှာမင်းမကြောက်ဘူးလား "

ခြိမ်းခြောက်မှုဟာ အလုပ်ဖြစ်သည့်ပုံပင်၊ အရှေ့ကပေါက်စကတော့ သူ့နာမည်ပြောဖို့အရှိန်ယူလျက်

Story of my lifeWhere stories live. Discover now