Unicode
"၀မ်ရိပေါ်..."
"၀မ်ရိပေါ်...!"
"တောက်ခ်...!"
အရူးတစ်ယောက်လို နှုတ်မှ ၀မ်ရိပေါ်ရဲ့နာမည်ကို အော်ခေါ်နေခဲ့တာ သရုပ်ပျက်လွန်းသည်။
ရင်ထဲ မချိတင်ခဲ ဖြစ်မှုတွေအတွက် ၀မ်ရိပေါ်ကိုပဲထပ်ခါထပ်ခါအပြစ်တင်ရတော့မည်။ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ခဲ့တာလားဆိုရအောင်...
သူနဲ့ရိပေါ်ရဲ့ဆက်ဆံရေးက တပ်စရာခေါင်းစဉ်မရှိသေးဘူး၊ သူဟာ ဒီအသက်အရွယ်ထိ ဘယ်အမျိုးသမီးနဲ့မှမတွဲခဲ့ဘူးသလို ၊ သူ့လိင်စိတ်ခံယူမှုဟာလည်း နာရီပိုင်းအတွင်း တသက်မတ်ကြီး ခွဲခြားလို့မရနိုင်ခဲ့ဘူး။စိတ်အတွင်းဘက်မှာ အသစ်အဆန်းတွေ၊တစ်ခါမှမခံစားဖူးတဲ့ လွတ်လပ်မှုတွေကို ရှောင်ကျန့်ခံစားရတယ်၊ဒါပေမယ့်အဲ့ဒါလည်း လေအလျင်လိုပါပဲ ပျောက်ကွယ်ရပြန်ပြီ..
၀မ်ရိပေါ်ဆီကနေ ပြန်သွားတဲ့အချိန်ခဏလေးအတွင်း
အလုပ်ချိန်အတွင်းမှာလည်း ရှောင်ကျန့်က ၀မ်ရိပေါ်ရဲ့နှုတ်ခမ်းတွေကိုတော့ နူးနူးညံ့ညံ့နဲ့ စက္ကန့်မရွေး တပ်မက်မိပြန်တယ်။ဆံပင်တွေကိုလက်နှစ်ဖတ်ဖြင့်ဆောင့်ဆွဲမိရင်း..ကြမ်းပြင်ပေါ်ထိုင်ချလိုက်ကာ..ပတ်၀န်းကျင်ကိုတစ်ချက် ကြောင်တောင်တောင်ဖြင့် ကြည့်မိသည်။
သူ့ပုံစံက drama ဇာတ်လမ်းတစ်ပုဒ် ရဲ့ ဇာတ်၀င်ခန်းတစ်ခန်းမှာ သရုပ်ဆောင်နေပုံပင်၊ ရူးကြောင်ကြောင်နိုင်လွန်းပြီး အလွန်အမင်း ခံစားနေရတဲ့ ဇာတ်ကောင်တစ်ယောက်လိုမျိုး တဖြည်းဖြည်းခံစားရလာသည်။
...ဘေးမှဖြတ်သွားဖြတ်လာ လူနာ တွေ၊nurse တွေရဲ့ အာရုံစူးစိုက်မှုတွေကိုလည်းခံရသေးတယ်။
ရှောင်ကျန့်ကမကြိုက်ပါဘူး၊ အာရုံစိုက်ခံရတာတွေကို
သိပ်မုန်းလွန်းတယ်။ဒါ ပေမယ့် ဆေးရုံက နေဘာမပြောညာမပြော အသိလေးတောင် မပေးပါပဲ ဆင်းသွားတဲ့ ၀မ်ရိပေါ်ကကော...၊ဒါဘာအဓိပ္ပါယ်လဲ ရှောင်ကျန့်ကို အရေးမပါသလိုဆက်ဆံသွားခဲ့သည်မဟုတ်လား...
ခံရခက်လွန်းလို့ မကြာခင် ရှောင်ကျန့်ကပတ်၀န်းကျင်ကို အချိန်မရွေးပျက်စီးထိခိုက်စေနိုင်တဲ့ ဗုံးတစ်လုံးအသွင် ဖြစ်လာတော့မည်။

YOU ARE READING
Story of my life
Fanficအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021