Story of my life(29)uni+zg

1.1K 71 1
                                        

Unicode

"ဘာကြောင့်ရှုဟန်ကို မလွတ်တမ်းဖတ်ထားတာလဲ..."

ရှောင်ကျန့်မိမိရဲ့စကားတွေကိုအာရုံစိုက်လာတဲ့အခါမှာ၊ ရိပေါ်က အခွင့်အရေးကို လက်လွှတ်မခံပဲ သိချင်တာကိုဦးစွာမေးခဲ့တယ်။

ရိပေါ်ရဲ့ပျက်ရွင်းနေတဲ့မျက်နှာကို ရှောင်ကျန့်ကဖတ်တတ်သည်နှင့်တူတယ်၊ တစ်စုံတစ်ရာကို ချင့်ချင့်ချိန်ချိန်တွေးရင်း ရိပေါ်အားရှင်းပြဖို့ပြင်လာသည်။

"ကိုယ်ခုနကပြောတယ်မဟုတ်လားရိပေါ်၊ကိုယ်တို့အိမ်မှာ နေခဲ့တဲ့ ကလေးဆိုတာလေ..."

"အင်းကျွန်တော်သိတယ်။"

"ကိုယ်မှတ်မိသလောက်တော့ ကိုယ့်မိဘတွေ ကားaccidentမဖြစ်ခင်က၊ ဒီကလေးက အတော်လေးအရေးပါခဲ့မယ်တယ်၊ ကိုယ်က ကိုယ့်မိဘတွေ ရှာမတွေ့လိုက်ရတဲ့ ဒီကလေးကို နှစ်တွေကြာတော့မှ တွေ့လိုက်ရလို့..အပျော်လွန်သွားလို့ပါ၊တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက ရိပေါ်ရဲ့ညီလေးနဲ့ နာမည်ချင်းတူနေခဲ့တယ်လေ"

"ပြီးတော့မယုံနိုင်အောင်ပဲ ထိုကောင်လေးက ကိုယ့်ကိုယ်မှတ်မိနေတာ...၊ဒီအတောအတွင်း ဒီလောက်အနီးကပ်ရှိနေတာမဟုတ်လား
အံ့သြဖို့ကောင်းတယ်မဟုတ်လားရိပေါ်...၊ကိုယ်ဖြင့် ကိုယ့်အိမ်မှာနေခဲ့တဲ့ ကယ်ဗင် ဆိုတဲ့ကလေးက ရှုဟန်ဖြစ်နေမယ်လို့ အတွေးထဲတောင်မ၀င်ခဲ့မိဘူး။"

ရှောင်ကျန့်ပုံစံက တကယ်ပင် စိတ်လှုပ်ရှားပြီးအပျော်လွန်နေပုံပင်

ဒါဆို ရှုဟန်က ကယ်ဗင်ဆိုတာ အတည်တကျမှတ်ယူလို့ရသွားခဲ့ပြီ...
ကယ်ဗင်မသေဘူးဆိုတာကို ရိပေါ်လွန်ခဲ့တဲ့ 4လလောက်ကမှ သတင်းရခဲ့တာဖြစ်ပြီး၊ ရှုဟန် ကိုကယ်ဗင့်အထင်နှင့် အနောက်က လိုက်စောင့်ကြည့်ခဲ့တာ ကြာသလောက်ရှိခဲ့ပြီ။

ရိပေါ်က အရှေ့မှ ရှုဟန်ကို ခပ်တင်းတင်းစိုက်ကြည့်မိသည်၊ သူ့ရဲ့ရင်တွင်းထဲမှာ တစ်စုံတစ်ယောက်ကသူ့ကိုအရာမသွင်းသလို၊သစ္စာဖောက်သလို တရိပ်ရိပ်ခံစားရလာတယ်။

သူထိုအခြေအနေမှာ စိတ်ခံစားချက်တွေကိုထိန်းဖို့ကြိုးစားပေမယ့် ထပ်မံလို့အတည်ပြုစရာရှိသေးသည်ကြောင့် အရှေ့မှရှောင်ကျန့်ရဲ့လက်တို့အား
မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်ဖြင့် ဖမ်းဆုပ်မိသည်။

Story of my lifeWhere stories live. Discover now