Unicode
"16နှစ်သားလေးတောင် ကိုယ်ပိုင် တိုက်ခန်းရှိတယ်၊၀မ်ရိပေါ်ရေ..!မင်းကတော့မဟုတ်တော့ဘူး "
Tomaက ၀မ်ရိပေါ်ဘက်သို့လှမ်းအော်လိုက်တော့၊ထိုသကောင့်သားလေးက သူ့ရဲ့နားနှစ်ဖတ်ကိုပိတ်ထားပြီး ရှောင်ကျန့်အနားသို့တဖြည်းဖြည်းတိုးကပ်လာသည်။
"ငါက၀င်ငွေမှမရှိတာ Tomaရ..! "
"ရိ..ရိပေါ်ကိုယ့်ဆီမှာလာနေလို့ရတယ်နော်... "
"တကယ်လားရှောင်ကျန့်.... "
Tomaရဲ့စိတ်လေတဲ့အကြည့်ကိုလက်ခံရပေမယ့်
၀မ်ရိပေါ်ရဲ့အရည်လဲ့နေသော မျက်လုံးဝိုင်းဝိုင်းတို့ကိုမြင်တော့၊ရှောင်ကျန့်ကအရူးတစ်ယောက်ပမာ ခေါင်းကိုအဆက်မပြတ်ညိတ်မိနေတော့သည်၊ ရှောင်ကျန့်ရဲ့ဦးနှောက်ထဲမှာ ၀မ်ရိပေါ်သာ ရှောင်ကျန့်အိမ်လာနေခဲ့ရင် ဘယ်လိုမျိုး ဖူးဖူးမှုတ်ထားရမလဲပဲ တွေးမိနေခဲ့တယ်။"နောက်တာ ရှောင်ကျန့်ရဲ့၊ ကျွန်တော်က ဒီမှာ Tomaကိုတစ်ယောက်တည်းမထားခဲ့နိုင်ဘူးလေ..."
အင်တင်တင်နဲ့ ရှောင်ကျန့်က ရိပေါ်ရဲ့အဖြေကိုမကြားခဲ့သလိုမျက်နှာ ကိုတစ်ဖတ်သို့လွှဲ လိုက်ရင်း လက်ထဲမှTV remoteကိုဆော့ကစားနေမိ၏။
ရိပေါ်နဲ့ Toma တို့က အတော်လေးရင်းနှီးကြပုံပဲ...
၀မ်ရိပေါ်က Tomaနဲ့သာဆိုရင် အမြဲ ပျော်နေတတ်တယ်မဟုတ်လား....၊Tomaကဟာသဉာဏ်ရှိတော့ ၀မ်ရိပေါ် Tomaကို ရှောင်ကျန့်ထက်ပိုပြီးသဘောကျတာဖြစ်နိုင်ပါတယ်။ပေါင်ပေါ်တင်ထားတဲ့လက်သီးစုတ်တွေကတစ်စတစ်စနဲ့တင်းကျပ်လာပြီး၊ထိုအချိန်မှာရှောင်ကျန့်ခေါင်းကိုသာငုံ့ထားမိတော့၏။
အနေရခက်လိုက်တာ...၊စိတ်ကျဉ်းကျပ်တယ်...
အသက်အရွယ်နဲ့မလိုက်အောင်ရှောင်ကျန့်က ထပ်ပြီးတော့ မနာလိုဖြစ်မိပြန်သည်။
ဒါနဲ့ဆို တစ်နေ့ထည်းမှာပဲ သုံးကြိမ်မြောက်ဖြစ်နေပြီ။"ဒါနဲ့ရှုဟန်....! "
ပြူးကြောင်ကြောင်ကြည့်လာတဲ့ ကောင်လေးက ၀မ်ရိပေါ်ကို ပေးထားတဲ့သူ့ကတိအတိုင်း ဒီညတော့ထိုတိုက်ခန်းမှာသာလာအိပ်လေသည်၊16နှစ်အရွယ်လေးနဲ့...ဒီလိုငွေစုဆောင်းပြီး ကိုယ်ပိုင် တိုက်ခန်း၀ယ်နိုင်တာ အံ့ဩဖို့ကောင်းသည်မဟုတ်လား....

YOU ARE READING
Story of my life
Fanficအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021