Unicode
"ရှုဟန်...ကျောင်းကpre testကဘယ်လိုလဲ.... "
"ဘယ်လိုသိတာလဲ..pre testရှိတာ.... "
ကြည့်လာတဲ့အကြည့်တွေက အချိုးမပြေသည်ကြောင့်
ရှုဟန်ရဲ့ခေါင်းကိုခပ်နာနာခေါက်ပစ်ချင်လွန်းလို့ရိပေါ်ရဲ့လက်တွေ ယားနေခဲ့သည်။"ဘယ်လိုသိသိပေါ့၊သိလို့မရဘူးလား....
ဒါနဲ့ ရှုဟန်..မင်း..ဂေဟာကို အသက်ဘယ်နှစ်နှစ်လောက်ကစရောက်တာလဲ... "ကျွန်တော်မမှတ်မိတော့ဘူး၊ဂေဟာက အဒေါ်ပြောတာတော့ ကျွန်တော်မွေးကင်းစ အရွယ်ကတဲ့...
ရိပေါ်ကမယုံသလို ရှုဟန်အား လက်ပိုက်လျက်ရှု ပေပေဖြင့်စိုက်ကြည့်မိသည်။
"ဘာဖြစ်လို့လဲ...ရိပေါ်.."
"ရိပေါ်လို့ခေါ်လိုက်တာလား၊ငါမင်းထက်အသက်အများကြီးကြီးနိုင်တယ်၊ ရှောင်ကျန့်ရောပဲ...သူဆိုမင်းအဖေအရွယ်လောက်တောင်ရှိတယ်
အခုဘယ်လိုခေါ်ရမလဲသိပြီလား... ""အန်ကယ်ရိပေါ်၊ အန်ကယ် ရှောင်း... "
ရိ ပေါ်က စိတ်ကိုထိန်းလိုက်သည့်အနေဖြင့် တစ်ခဏတော့ မျက်လုံးတွေကိုမှိုတ်ချလိုက်သည်၊ ထို့နောက်ရှု့ဟန်ရဲ့ ပါးလုံးလုံး ကြီးတွေကို ခပ်နာနာ ဖိချေရင်း....
"ကိုကို လို့ခေါ်စမ်း..မခေါ်ရင်မင်းသေပြီမှတ်... "
"အွင့်..ခေါ်ဘူး..လွှတ်..,!"
"ရှောင်..ရှောင်ကျန့်ကော.... "
ရိပေါ်ကိုတွန်းထုတ်ကာ ထိုကလေးကရိပေါ် ရုံးခန်းကနေလို့ ရှောင်ကျန့်ရဲ့ရုံးခန်းထဲသို့ပြေး၀င်သွားသည်၊ ဒီအတောအတွင်းမှာ company နဲ့စာချုပ်ချုပ်ခဲ့တဲ့ ရှုဟန်က ရိပေါ်အတွက် ဆော့စရာအရုပ်ကလေးတစ်ရုပ်ပေ....
ထိုကလေးအား အားတဲ့အချိန်တိုင်း မိမိရုံးခန်းထဲ ခေါ်ခေါ်သွင်းလွန်းသည်ကြောင့်၊ရှုဟန်က ရိပေါ်ဆို မြင်တာနဲ့ သူ့ခြေလှမ်းတွေကနောက်ဆုတ်နေပြီးသား...
"အန်ကယ် ရှောင်းကယ်ပါဦး၊ဒီလိုပုံနဲ့ဆိုရင် ကျွန်တော်companyမှာ ဆက်မလုပ်နိုင်တော့ဘူး.!၊အန်ကယ်ရိပေါ်ကတကယ့်အရူး..! "

YOU ARE READING
Story of my life
Fanfictionအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021