Story of my life(33)uni+zg

898 29 8
                                        

"ငါတော့မှားတာဘဲ၊ မင်းတို့ နှစ်ယောက်ကို ရှောင်းအိမ်တော်မှာ နေဖို့အကူအညီတောင်းခဲ့တာကို၊ အခုတော့ကွာ ငါ့သား တစ်ယောက်လုံး တောင်ပါသွားပြီ"

ဟာသအနေနှင့် ရယ်ကျဲကျဲပြောလာသော်လည်းရိပေါ်စိတ်ထဲဘ၀င်မကျပါ၊ သူက အဲ့ဒီ့လို ပြောပိုင်ခွင့်ရှိလို့လား

"ရှောင်းခမည်းခမက်တွေကိုကျေးဇူးတင်ရမယ်မဟုတ်လား daddy ၊ daddy ကျွန်တော်တို့ကိုစွန့်ပစ်ဖို့အကူအညီတောင်းတုန်းက စဉ်းတောင်မစဉ်းစားပဲလက်ခံခဲ့တာလေ....၊နေစရာလည်းပေးတယ်၊‌ ကျောင်းလည်းစီစဥ်‌ ပေးတယ်၊စားစရာ၊ အ၀တ်အစားစတာအပြင်၊ ရှောင်ကျန့်ကိုပါ ပေးခဲ့တာလေ...."

"ဒါနဲ့ရှောင်ကျန့် မိဘတွေဆုံးတာ daddy သတင်းကြားတယ်မလား၊လွန်ခဲ့တဲ့ ၅နှစ်လား၊၆နှစ်လောက် ကလား...."

ခဏတာပျက်ပြင်းသွားတဲ့ daddy မျက်နှာကိုအကဲခတ်ရင်း ရိပေါ် တွေးစရာတွေပေါ်လာသည်

"ရိပေါ် ကိုယ်ပြန်လာပြီ...."

"ရှောင်ကျန့် ခင်းဗျားကလည်းကြာလိုက်တာ၊ toilet လေးတခါသွားတာ ကို..."

"ရိပေါ်ကလည်း ကိုယ် က ရိပေါ်ကို လိုက်ပို့ဖို့ပြောတုန်းက ရိပေါ်မှလိုက်မပို့တာ...
ပြီးတော့ ကိုယ်ခုဏက အပြင်ကိုလှမ်းကြည့်လိုက်တာခြံထဲမှာ ကိုယ်မတွေ့ပါဘူး၊ရိပေါ်ပြောတဲ့ မိန်းမနဲ့ကလေးကို."

ရိပေါ် အဖေအလစ်တွင် ရိပေါ်အနားသို့ကပ်ကာ ခပ်တိုးတိုး  ရှောင်ကျန့်မေးမိသည်၊ ထိုမေးခွန်းကိုလည်း  ရိပေါ်ဘက်မှ  ပေါ့ပေါ့ပါးပါးပင် ဖြေလာသည်။

ကျွန်တော့်မျက်လုံးကလျင်တယ်လေ ၊မမြင်ချင်တာတွေကော၊ မမြင်သင့်တာတွေပါ မြင်တာ ဆိုဘဲ ...

ပြောရင်းဆိုရင်း ၀မ်ရိပေါ်လေးဟာ၊ ရှောင်ကျန့်ပေါင်ကို လက်သီးစုတ်ဖြင့် ထု နှက်လာသည်။

"စိတ်မြန်လက်မြန် လူတစ်ယောက်ကိုချစ်ရတာ နှလုံးရောဂါရမတတ်ပဲ ၀မ်ရိပေါ်ရယ်။"

"ခင်ဗျားကပဲပြောရသေးတယ် ..."

‌မျက်စောင်းတခဲခဲနှင့် ကတ်ကတ်လန် ရန်စွာတော့မည်ကို ရှောင်ကျန့်သဘောပေါက်ခဲ့ပြီးသား

Story of my lifeWhere stories live. Discover now