Story of my life(12)uni+zg

1.7K 136 20
                                        


Unicode

နံရံကိုမျက်နှာမူနေတဲ့ ကယ်ဗင်ကြောင့် သူ့အကိုပိုးဟပ်ဖြူ လေးရဲ့အပြစ်ပေးတာ ခံနေရပြီမှန်းရှောင်ကျန့်ရိပ်မိလိုက်သည်။

ဒီအတောအတွင်း ပိုးဟပ်ဖြူက ဒီလောက်စည်းကမ်းကြီးမယ်လို့ ရှောင်ကျန့်ထင်ကိုမထင်ထားခဲ့တာ
လူတစ်ယောက်ကိုအပြင်ပန်းကြည့်ပြီး ဝေဖန်လို့မရဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်ကြိမ်ကြိမ်အသိပေးရတယ်...

"ကယ်ဗင် တော်ရုံဘဲဆိုးလေ၊မင်းအကို ကိုမင်းကစိတ်ဆိုးအောင်တအားလုပ်နေတာကို..."

ကယ်ဗင်၏အရပ်နှင့် တပြေးညီဒူးထောက်ချလိုက်ပြီး
ရှောင်ကျန့်မျက်နှာမှာမသာယာပေ...

"ဘာတွေပြောနေတာလဲဟင်၊သားကအခုခမ်းနားမှုတွေကိုပန်းနေတာ ရှောင်ကျန့်ကိုကိုရဲ့"

ပန်းနေတာ သေးလား...!

"ဟေ့ကောင်လေးဒါသေးပန်းတဲ့နေရာမဟုတ်ဘူးကွ..."

မျက်ပြူးစံခတ်ဖြစ်သွားပြီနောက် ရှောင်ကျန့်ယောက်ယက်ခက်သွားသည်၊ကယ်ဗင်၏ခန္ဓာကိုယ်ကို သူ့လက်မောင်းမှနေရ်ျ ဆွဲခေါ်လိုက်တော့ သကောင့်သားလေးဟာ တဟီးဟီးနှင့်

"သိပါတယ် ရှောင်ကျန့်ကိုကို ကိုစနေတာ...၊ရှောင်ကျန့်ကိုကိုကလည်းနော် သားကဒီလောက်လူမှုရေးခေါင်းပါးပါ့မလား..."

"ဒါနဲ့ရှောင်ကျန့်ကိုကို သားလေ
ပန်းချီဆွဲချင်လို့၊ဒီပေါ်မှာ.... "

"နံရံ‌ပေါ်မှာလား၊ မဆွဲနဲ့ မဆွဲနဲ့... "

အလှအပကြိုက်တဲ့မားတွေ့ရင် ရှောင်ကျန့်ကနေရင်းထိုင်ရင်းစကားများနေရဦးမယ်..၊အကြောက်အကန်ငြင်းလိုက်ပြီး စူပုတ်ပုတ်နဲ့ကယ်ဗင်က ရှောင်ကျန့်အားမကြည်သောအကြည့်ဖြင့်သာကြည့်မြဲ

"Leoကော.... "

"ပန်းပင်တွေနားမှာထိုင်နေတယ် ရှောင်ကျန့်ကိုကို..."

"မဟုတ်တရုတ်တွေလုပ်ဖို့မကြံနဲ့နော်ကယ်ဗင်၊ ဒီတစ်ခါမင်းအကိုနဲ့တကယ်တိုင်မှာ..."

ပါးလုံးလုံးလေးကိုခပ်ဖွဖွဖိချေကာကယ်ဗင့်အားမျက်လုံးတွေမှေးကျဥ်းပြရင်းထိုနေရာမှထွက်လာခဲ့သည်။

Story of my lifeWhere stories live. Discover now