"ခင်ဗျားလွှတ်စမ်း...!"
မိမိကျောပြင်အား ပွတ်သပ်ပေးနေသည့်လူကို တွန်းဖယ်လိုက်ပြီး မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်၏။
အသိလွတ်သွားတဲ့အချိန်ခဏလေးအတွင်း
တစ်ဖတ်သား လှောင်ရယ်လို့ကောင်းအောင် မိမိကိုယ်တိုင်ရဲ့အားနည်းချက်ကိုထုတ်ပြမိသွားတာဘဲ"မင်း...!"
ရုတ်တရက်ကြီးဆိုတော့ဒေါသထွက်သွားပုံရတဲ့
ရှောင်ကျန့်ဆီမှ ဘာစကားမျှမထွက်လာခင် ရိပေါ်အရှေ့မှအရင်ဖြတ်ပြောရန်ပြင်လိုက်သည်။"ခင်ဗျား...ရှောင်ကျန့်ခင်ဗျား ဒီကိစ္စကိုမေ့ပေး
မဟုတ်ရင်...""မဟုတ်ရင်ဘာလဲ....မင်းငါ့ကိုဘာခြိမ်းခြောက်မလို့လဲ"
ရှောင်ကျန့်အမေးအတွက်သူ့မှာအဖြေမရှိဘူး၊ဒါကြောင့် သူလုပ်နေကျအမူအကျင့်အတိုင်း ရှောင်ထွက်သွားဖို့ လုပ်ခဲ့တယ်
"ဘယ်ကိုထွက်သွားဖို့ပြင်နေတာလဲ၊ ငါတို့စကားပြောလို့မပြီးသေးဘူးမဟုတ်လား၊ ပြောလေ မဟုတ်ရင်မင်းငါ့ကိုဘာလုပ်မလဲဆိုတာ"
ရိပေါ်ကိုအကျပ်ရိုက်အောင်လုပ်နေသည့်ရှောင်ကျန့်
ကြောင့် မျက်စံတွေက ဆောက်တည်ရာမရစွာရွေ့လျားလာသည်။
သူ့ပါးစပ်မှအရင်လိုမျိုး ခြိမ်းခြောက်စကားတွေကလည်းထွက်မလာပါ၊ သူ့မှာ အနောက်ကနေ သူလက်ညိုးညွှန်သမျှကိုမဖြစ်ဖြစ်အောင်လုပ်ပေးပြီး၊မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ Daddyမှအနားမှာမရှိဘဲ.....ထိုအချိန်မှာ စကားလမ်းကြောင်းလွှဲဖို့ကိုဘဲဦးတည်ခဲ့တော့သည်။
"မနက်...မနက်ဘယ်အချိန် လဲ"
"7နာရီခွဲလောက်သွားမယ်... !"
ရှောင်ကျန့်အသံကစိတ်ဆိုးသလို ဒေါမာန်အပြည့်နှင့်
ဖြစ်နေလိမ့်မည်၊ဒါကိုအရေးမစိုက်ဘဲ မျက်ခုံးတွေကို
ကော့တက်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ လှည့်ထွက်ဖို့ပြင်နေတဲ့ပိုးဟပ်ဖြူတောရိုင်းငှက်တွေလိုဘဲ တုန့်ပြန်မှုက မထင်ထားလောက်သည်အထိပါလား ၊ခုနက စွာတေးနေတဲ့သူကဘယ်ရောက်သွားရပြန်တာလဲ

YOU ARE READING
Story of my life
Fiksi Penggemarအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021