Unicode
"ရိပေါ်..."
ရှောင်ကျန့်အမေးအား၊ ဘေးခုံ၌ထိုင်နေသော ရိပေါ်သည် ကြားသည်မျှတောင်မထင်
လက်သည်း အတိုလေးတွေအား တနုတ်နုတ်ကိုက်ရင်းအပြင်ကိုသာ ငေးကြည့်နေသည်။အတိုင်းသားမြင်နေရသော လည်ပင်း ဖြူဖြူ ရှိ ပွန်းပဲ့နေသော အနီကွက်တို့ အား ရှောင်ကျန့် မိမိလက်ဖြင့်ငြင်သာစွာ ပွတ် ပေးမိသည်၊တစ်ချိန်တည်းမှာပဲ စိတ်မကောင်းဖြစ်မိလာသည်။
"ရိပေါ်၊ကိုယ်ခုနက အပြုအမူအတွက် တောင်းပန်ပါတယ်။"
ငြိမ်လျက်သား ကောင်းနေတဲ့ရိပေါ်က ၊ ထိုခါမှ ရှောင်ကျန့်ဘက်လှည့်ကြည့်လာသည် သူ့ရဲ့ နဂို မှေး နေတဲ့ မျက်လုံးတွေကို ထပ်မံမှေးကျဉ်းရင်း...
တစ်ခုခုကိုတွေးတောလို့နေပြန်သည်။ချစ်စရာ ကောင်းလွန်းသည်ကြောင့် ရှောင်ကျန့်မအောင့်နိုင်စွာပင်ပြုံးမိပြန်၏
၀မ်ရိပေါ်သည် လုံး၀ ခန့်မှန်းလို့မရဘူး၊ ထိုကလေးရဲ့စိတ်ထဲမှာဘာတွေတွေးနေလဲ၊ဒါမှမဟုတ် ဘာတွေကြံစည်နေလဲဆိုတာ..."ကိုယ်မရည်ရွယ်ပါဘူး၊ ကိုယ်ဒီအတိုင်းဒေါသထွက်သွားလို့ပါ..."
"ရတယ်...မလိုဘူး.။"
သေးငယ်တဲ့အသံတိုးတိုးလေး ရိပေါ်ဆီမှထွက်လာပြီးနောက်ရှောင်ကျန့်ထိုခါမှ သတိ၀င်မိတော့၏
၊၀မ်ရိပေါ်သည် နေမကောင်းသေးဘူးမဟုတ်လား...
နမော်နမဲ့နိုင်လွန်းသဖြင့် ရှောင်ကျန့်မိမိကိုယ်ကိုယ် အပြစ်တင်မိပြန်တယ်။"Tomaကိုဖုန်းဆက်အောင် ကျွန်တော်တို့ကိုလာခေါ်ဖို့..၊ဒီ သောက်ကားကို ခင်ဗျားလည်း ပြင်တတ်တာဟုတ်ဘူး..."
၀မ်ရိပေါ် ဘက်က Tomaကိုသာ မှီခိုနေတာကိုမကြိုက်မိဘူး၊ Tomaအစား ရှောင်ကျန့် ကိုပဲ အားကိုးစေချင်မိတယ်။
"ရိပေါ် ကိုယ့်ကို Tomaလောက်တောင်မခင်တွယ်ဘူးပဲ၊ကိုယ့် အတွက်အဆင်မပြေလိုက်တာ။"
"အဲ့ဒါနဲ့ပဲ ခင်ဗျာက blind dateထပ်သွားတွေ့တယ်ပေါ့..ရှောင်းရှောင်ကျန့်..
ခင်ဗျားက တော်တော် အပြောကောင်းလာတာနော်၊ဗလောင်းဗလဲနဲ့.."
YOU ARE READING
Story of my life
Fanfictionအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021