Story of my life(34) uni+zg

2.7K 65 9
                                        

Unicode

တစ်ပတ်နီးပါးကြာပြီးတဲ့အခါ ဦးလေးကျူးပြန်ရောက်လာသော်လည်း ရှောင်ကျန့်ကပါမလာခဲ့ပါ၊ ဦးလေးပြောတာတော့ ရှောင်ကျန့်က သူနဲ့အတူတူပြန်လာတာတဲ့၊ လေဆိပ်မှာသာ ၀င်စရာရှိလို့ဆိုပြီး လမ်းခွဲခဲ့သည်ဆိုပင်

နှစ်ရက်မြောက်နေ့မှာ ရိပေါ်ဟာ အတော်လေးခြောက်ခြားလာမိသည်၊ ရှောင်ကျန့်က ပြန်လာဖို့မပြောနဲ့ ၊ ဖုန်းတောင်အဆက်အသွယ်မရှိပါ။
.
ရှောင်ကျန့်ခင်ဗျား ကျွန်တော့်အပေါ် ဘယ်လိုလုပ်သွားတာလဲ၊ ကျွန်တော်ဘယ်လောက်စိုးရိမ်နေမလဲခင်ဗျားမစဉ်းစားမိဘူးလား...

ရိပေါ်ကဆံပင်တို့ကို ဆွဲဖွာပြီး၊ဘေးဘက်မှ ပစ္စည်းတို့ကို အပြစ်ပုံချမိသည်။

ဒေါသထွက်နေရင်းမှ ငြိမ်ကျသွားကာ ရှောင်ကျန့်အား စိတ်တိုမိ‌ပြန်သည်၊ ရိပေါ်က အချိန်ကြာလာတာနဲ့အမျှ ရှောင်ကျန့်ကို တွယ်ကပ်လွန်းလာသည်ကြောင့် ရှင်းရှင်းပြောရရင် မျက်စိအောက်ကနေတောင်အပျောက်မခံချင်မိဘူး။

ဒီလိုအပြုအမူတွေကိုလည်း ရှောင်ကျန့်သဘောကျမယ်ထင်ခဲ့တာ၊ ရှောင်ကျန့်က တကယ်လည်း ရိပေါ်ကတွယ်ကပ် နေရင် သူပိုသဘောကျ ကြောင်း ပြောဖူးတာပဲ....

ဒါပေမယ့် ထိုနှစ်ရက်အတွင်း ပျောက်သွားတဲ့ ရှောင်ကျန့်ဆီမှ ဖုန်း မပြောနှင့် စာတစ် စောင်တောင်မ၀င်လာခဲ့ပါ။

ကိုယ့်ကိုယ်ကို အားပေးသလိုမျိုး ခပ်ဖျော့ဖျော့ပြုံးကာ၊ နောက်ဆုံးတကြိမ် ရှောင်ကျန့်ဖုန်းအားဆက်မိသည်။

ဖုန်း၀င်သွားပြီးပြီးချင်းပင် ရိပေါ်ဟာ အောင့်အီးခဲ့သမျှကို ပေါက်ကွဲလိုက်ချင်တော့သည်ဘဲ

*ရိပေါ်..*

တစ်ဖတ်မှ အေးစက်စက် ရှောင်ကျန့်ရဲ့ အသံသည် ရိပေါ်အားခဏတော့ စိတ်ငြိမ်သွားစေတယ်။

*ရိပေါ် ကိုယ် ပြန်မလာဖြစ်လောက်သေးဘူး၊ ဦးလေးကျူး အကူအညီတောင်းလို့ ကိုယ် တစ်နေရာ ကိုရောက်နေတယ်၊
ကိုယ် ပြန်လာတာနဲ့ ရိပေါ်ကို သေချာ ရှင်းပြပါမယ်.... *

*ခင်ဗျားလိမ်နေတာ..ရှောင်ကျန့်..
ကျွန်တော့်ကို ဘယ်လိုသတ္တိနဲ့များ...!*

You've reached the end of published parts.

⏰ Last updated: Jul 19, 2023 ⏰

Add this story to your Library to get notified about new parts!

Story of my lifeWhere stories live. Discover now