Story of my life(27)uni+zg

1.1K 81 18
                                    

Unicode

"ရုပ်ရှင်သွားကြည့်ရအောင်ရိပေါ်..."

"သူငယ်ပြန်နေတာလား..."

စိတ်လေသလိုမျိုး မျက်လုံးတွေကိုဝေ့ဝိုက်ကာ ..ခါးကိုထောက်ထားမိသည်၊ မနေ့ကလည်း ရုပ်ရှင်ကြည့်ပြီးပြီ..၊ရှောင်ကျန့်ဘာတွေဖြစ်ချင်မှန်း ရိပေါ်လိုက်မမှီတော့ပါ။

"ရိပေါ်ကကွာ..."

တစ်ခဏလေးအတွင်းနီမြန်းသွားတဲ့ ရှောင်ကျန့်မျက်နှာကြောင့်၊ရိ‌ပေါ်စိတ်လှုပ်ရှားမှုတွေကိုဖြိုခွင်းလိုက်ပြီး ခြေဖျားအနည်းငယ်ထောက်ကာ ရှောင်ကျန့် မေးဖျားအားမိမိနှုတ်ခမ်းဖြင့်ထိရုံလေးထိကပ်လိုက်သည်။

"ပန်းချီဆွဲတတ်တယ်ဆို... "

ရိပေါ်ကထိုသတင်းကို အလုပ်ပြန်ဆင်းတော့မည်ဖြစ်ကြောင်း သွားပြော‌ရင်းကနေ...ဥက္ကဌကျူးဆီက အမှတ်မထင်သိခဲ့ရတယ်၊
အနည်းငယ်တော့မနာလိုဖြစ်မိသည်ပြောရမလား..ရိပေါ်က သူတစ်ယောက်တည်းပဲ..ရှောင်ကျန့် အကြောင်းစုံ ကိုသိချင်ခဲ့တာ...၊သူကလွဲလို့ တခြားတစ်ယောက်က ရှောင်ကျန့်က ဘာကြိုက်တာ၊ ဘယ်လိုမျိုးကိုသဘောကျတာလို့ လာပြောရင် ရိပေါ်က ခပ်ရိုင်းရိုင်း ဆက်ဆံမိမလားတောင်မသိဘူး။

"အဖြေလိုချင်တယ်၊ပန်းချီဆွဲရတာ သဘောကျလား... "

ရှောင်ကျန့်ကခေါင်းညိမ့်ပြပြီး..ရိပေါ်ရဲ့နှုတ်ခမ်းကို သူ့လက်ချောင်းတွေဖြင့်တို့ထိနေပြီး
သူ့မျက်၀န်းတွေမှာ ရိပေါ် အားသဘောကျနေတဲ့ ပုံရိပ်တွေ တရိပ်ရိပ်နဲ့ပေါ်နေတယ်။

"ကိုယ့်မှာပန်းချီခန်းရှိတယ်၊ ရိပေါ်မြင်ချင်လား..
ဘယ်သူ့ကိုမှတော့ ကိုယ်မပြဖူးဘူး။ "

ရှောင်ကျန့်ကမိမိရဲ့ လက်ချောင်းလေးတွေကိုဆုပ်ကိုင်ပြီး သူ့ရဲ့ပန်းချီ အခန်းဆီခေါ်လာခဲ့သည်၊ အပြာရောင်ဆေးသုတ်ထားတဲ့နံရံမှာ အဖြူရောင်တိမ်တိုက်တွေကိုတောင် ပုံဖော်ထားသေးသည်။

ဒါကိုမြင်တော့ရိပေါ် မျက်ခုံးတွေကွန့်တက်မိသည်။

ဘယ်လိုဖြစ်ရတာတုန်း ရှောင်ကျန့်က နံရံမှာ ဆေးချယ်တာတို့၊ပုံဆွဲတာတို့ဆိုရင်သဘောမကျဘူးလေ
ရိပေါ်က အတွေးတွေကိုရပ်လိုက်ပြီး ထိုအလုံခန်အားဂရုတစိုက်ကြည့်မိ၏။

Story of my lifeWhere stories live. Discover now