Story of my life (30)uni+zg

1.6K 83 6
                                        

Unicode

အကြောအချင်တွေကိုဆန့်တန်းပြီး၊နှုတ်မှ အသံရှည်တစ်ခုစွဲကာ ကုတင်ပေါ်မှ ကုန်းထလိုက်သည် ။

စိမ်းသက်နေတဲ့ အနေအထားကြောင့် ခဏတော့ကြောင်အသွားပေမယ့် အသိပြန်၀င်လာတဲ့ အခိုက်အတန့်မှာ ကိုယ့်ခေါင်းကိုယ်ထုကာ ရယ်မိသည်။

သူကယ်ဗင်ရဲ့အိမ်မှာဆိုတာ မေ့နေခဲ့တယ်မဟုတ်လား
ကိုယ့်အဖြစ်ကိုပြန်ရယ်ရင်း သန့်စင်ပြီးသည်နှင့် မနေ့က အ၀တ်အစားတွေကိုသာပြန်၀တ်ကာ
အခန်းအပြင်သို့ထွက်လာခဲ့သည်။

ကယ်ဗင်ရဲ့အခန်းလေးက နှစ်ယောက် နေဖို့အတွက်မကျဉ်းလွန်းသည်ကြောင့်ရေရှည်အတွက် planတောင်စွဲဖို့ပြင်နေခဲ့သည်၊ တစ်နည်းအားဖြင့် ရိ ပေါ်က ရှိသမျှလူတွေဆီကနေ ရှောင်ပြေးချင်နေသည့်အနေအထားမှာပင်..

မနေ့ညက ကယ်ဗင်နဲ့စကားတွေအများကြီးပြောဖြစ်ခဲ့သည်၊ဒီကလေး ဒီအတောအတွင်း ဘယ်လိုကျော်ဖြတ်ခဲ့တယ်၊ဘယ်လိုရင်ဆိုင်ခဲ့တယ် စသဖြင့်‌...

"ရှောင်ကျန့်... "

မိမိနှုတ်မှထိုလူ့နာမည်ထွက်လာတာမထူးဆန်းပါ။

အခန်းထဲကထွက်ထွက်လာချင်းပင်၊ ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ ရှောင်ကျန့်ကြောင့် ခြေလှမ်းတွေကိုနောက်ဆုတ်မိသည်။ပြီးတော့ ရှောင်ကျန့်က ရိပေါ်ပုခုံးကို ခပ်တင်းတင်းကိုင်ကာ မေးခွန်းတွေတရက်စက်မေးနေတော့၏။

မနေ့ကအ၀တ်အစားတောင်လဲရသေးပုံမပေါ်တဲ့ရှောင်ကျန့်အားမြင်တော့ ရိပေါ် သက်ပြင်းခပ်ဖျော့ဖျော့ချမိတယ်၊ဒီလူက မိမိထက်တောင် အတွေးလွန်တတ်သည်မဟုတ်လား...

"ရိပေါ်မဟုတ်မှ အဲ့ဒီ့ လူက ကိုယ်လား... "

"ဘာကိုလဲ၊ မနက်စောစောစီးစီး ခင်ဗျားက ဘာလို့ဒီကိုရောက်နေတာလဲ.. "

ရိပေါ်တို့အဖြစ်ကရယ်ရတယ်၊ အဆင်ပြေနေတဲ့အခိုက်အတန့်မှာတော့ နှစ်ယောက်သားက တစ်ယောက်အနားက တစ်ယောက်မခွာချင်ကြဘူး၊အခုများကျတော့ အချိန်ခဏလေးနဲ့ စိမ်းသက်သွားသလိုခံစားမိသည်။

"ကယ်ဗင် အကြောင်းစုံ ပြောပြတယ်....
သူနဲ့မင်းနဲ့ညီအကိုဆိုတာကော "

Story of my lifeWhere stories live. Discover now