Unicode
"ရှောင်ကျန့် ဒါတွေအကုန်လုံးယွမ်400ကြီးများတောင်ကျတယ်လား"
မအီမသာဖြစ်နေသည့်မျက်နှာဘေးမှာသနားစရာပင်
နှုတ်ခမ်းမှ အနည်းငယ်ညိုနေသည့် ဒဏ်ရာကြောင့်ရှောင်ကျန့်မှာပိုပြီးစိတ်မသက်သာရခုနကလိုညစ်ပေတူးလေးမဟုတ်တော့ဘဲ TShirt အဝါလေးနဲ့
လုံးထော်နေတဲ့နှုတ်ခမ်းတို့ကြောင့်ဘဲပေါက်လေး မိုးပေါ်ကပြုတ်ကျလာသလိုဘဲ...."ပါးတို့ပေးခဲ့တဲ့cardတွေထဲကသုံးတာပါ၊ငါ့ပိုက်ဆံမပါပါဘူးပိုးဟပ်ဖြူရာ... "
"ရှောင်ကျန့်အတွက် မစိုးရိမ်ပါဘူး၊အန်ကယ်တို့အတွက်ဘဲစိုးရိမ်တာ...၊သူ့သားကအဖြုန်းကြီးတော့...."
"brandတွေဘဲသုံးတဲ့ ဒီကLeo သူဌေးသားလေးကိုကျွန်တော်မျိုးဘယ်လိုမှီနိုင်မှာလဲ
ဟုတ်တယ်မဟုတ်လား..."ရှောင်ကျန့်စကားဖြတ်ပြောလိုက်တာကြောင့် မကျေနပ်သည့်ပုံပေါက်သွားတဲ့ကောင်လေးက မျက်စောင်းချည်းဘဲလှိမ့်ထိုးကာ marketမှ ၀ယ်လာသည့် အထုတ်တွေကိုလှန်လှောကြည့်နေလေရဲ....
ကြည်လင် နေတဲ့ဘဲဥမျက်နှာကြောင့်ကောင်းကောင်းအနားယူခဲ့တယ်လို့ဘဲ ရှောင်ကျန့်မှတ်ယူလိုက်သည်၊ဒါပေမယ့်တစ်ခုထူးခြားနေတယ် ပိုးဟပ်ဖြူရဲ့အပြုအမူတွေ ...ရှောင်ကျန့်ကိုလာလည်းကြိုသလို၊ ၀ယ်လာတဲ့အစားသောက်ကုန်တွေကိုလည်း ကူသယ်ပေးသေးသည်။
အံဩမိပေမယ့် ကြောင်တောင်တောင်လုပ်နေရင် ဒီကလေး သူ့အပြုအမူကိုသတိထားမိပြီး ရှက်ရမ်းရမ်းမှာစိုးရ်ျ ရှောင်ကျန့်အလိုက်သင့်သာ နေလိုက်တယ်။
"ဒါတူနာ...တူနာလားရှောင်ကျန့်... "
"အင်း ငြိမ်ငြိမ်နေပိုးဟပ်ဖြူ"
အစားအသောက်တွေထည့်ထားတဲ့အိတ်ကို လက်ညိုးတွေနဲ့ထိုးဖောက်နေတာကြောင့် ဟန့်တားနေပေမယ့်လည်း...
"Leo...ဒီမှာ ဒါ ကစားစရာမဟုတ်ဘူး၊ အစားအသောက်တွေပဲ့ကုန်မယ်၊ ဒါဖြုန်းတီးရာရောက်တယ် နားလည်လား"
နား၀င်ချိုအောင်ပြောရင်း စကားနားမထောင်တဲ့ လက်ညိုးဖြူဖြူလေးကို ဆုတ်ကိုင်လိုက်သည်၊ ရှောင်ကျန့်
ဆူနေတယ်ဆိုတာရော သူသိရဲ့လား

YOU ARE READING
Story of my life
Fanfictionအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021