Story of my life(8)uni+zg

2.1K 158 2
                                        

Unicode

"ခြေထောက်ထိသွားတာလားဟမ်..ပြစမ်း... "

"ရတယ်... "

Platformပေါ်မှာ ထိုင်နေတဲ့ ကောင်လေးဆီမှ ထိုသို့စကားထွက်လာမည်ဆိုတာ မယုံမရှိနဲ့...
ကျုံ့ထားတဲ့မျက်ခုံး တွေကလည်း ဖြူဖွေးနေသည့်သူ့အသားအရေကြောင့် ထင်းလို့နေတယ်။

"ဘာကိုရတာလဲ... "

"အော်လိုက်ရင်အမြဲတမ်းမျက်နှာငယ်နဲ့
ငါမင်းကိုရိုက်ပြီး ဆုံးမမှရမှာလားဟမ်... "

"ဘာ...ဘာကို...ရိုက်..ဒီသောက်..!... "

ရိပေါ်မှာရန်လဲတွေ့ချင်သလို၊ ခွန်းတုန့်ပြန်ဖို့ ဘာစကား
မှလည်း ပါးစပ်မှထွက်မလာ....
ရှောင်ကျန့်နဲ့ဆုံတိုင်း သူ့မှာ စကားလုံးရှာမရလို့မခံမရပ်နိုင်ဖြစ်ရသည့်ကိစ္စတွေမှအများသား...

"ဘာအရသာစားမှာလဲ...."

"ဘာကိုလည်း...."

ဘောက်ဆက်ဆက်နှင့်ရိပေါ် ခေါင်းမော့ကာပြောလိုက်တော့ ခါးထောက်ကာ မတ်တပ်ရပ်နေတဲ့ ရှောင်ကျန့်ကရိပေါ်ကို တစ်နေရာသို့မျက်စပစ်ပြသည်။

"ရေခဲမုန့်ကား...."

သံယောင်လိုက်ကာ ပြောမိပေမယ့် ရိပေါ်ချက်ချင်းခေါင်းခါလိုက်သည်၊ စားလို့မရဘူး ရိပေါ်အသက်အရွယ်က အဲ့ဒီ့လိုအရာတွေစားလို့မရဘူလို့
daddyကပြောထားတယ်....

ရိပေါ်တွေးတောနေတဲ့ခဏလေးအတွင်းမှာပင် ရေခဲမုန့် နှစ်ခွက်နဲ့ ရိပေါ်အနားရောက်လာတဲ့ရှောင်ကျန့်...

"စတော်ဘယ်ရီအရသာ ယူလာတယ်"

"အပေါအစားမဟုတ်ဘူး ဈေးကြီးတယ်...."

မကြာခင် ရှောင်ကျန့်လက်ထဲ၌အရေတွေပျော်ကျတော့မယ့် ရေခဲမုန့်၊ အစားအသောက်ကိုဖြန်းတီးတာ မကောင်းတဲ့အကျင့်လို့ Daddyကတစ်ခါ ပြောဖူးတယ်မဟုတ်လား...

သူထိုအရာကို ရှောင်ကျန့်လက်ထဲမှ လုယူလိုက်ပြီးချင်း မိမိရဲ့ဘေးနားကပ်ကာထိုင်လာတဲ့ ရှောင်ကျန့်

ရှောင်ကျန့်ကပူလောင်စေတယ်
တစ်ဖန်ရှောင်ကျန့်ကအေးချမ်းစေတယ်...

အရသာရှိတဲ့ ဒီအစားအသောက်အတွက် ရှောင်ကျန့်ကိုကျေးဇူးမတင်ချင်တာကြောင့် မျက်နှာကိုမာသထက်မာထားမိသည်။

Story of my lifeWhere stories live. Discover now