Unicode
သစ်ရွက်တွေကြွေတာကိုမြင်တယ်၊ မေးရိုးတန်းတန်းနဲ့ ကောင်းကင်ကိုမော့ကြည့်နေတဲ့လူတစ်ယောက်...
နေ့ရောင်ကထိုလူ့မျက်နှာထက်တွင်ထင်ဟပ်နေတယ်...အခုသူကကောဘယ်ရောက်နေတာလဲ
နေဦး သူရှောင်ကျန့်ပေါင်ပေါ်မှာအိပ်နေခဲ့တာမဟုတ်ဘူးလား....ပတ်၀န်းကျင်အခြေအနေကိုရိပ်မိသွားခဲ့ပြီးသည့်နောက်
အိမ်မက်နှင့် လက်တွေ့ကခြားနားနေတော့
တိတ်တိတ်လေးနဲ့ငြိမ်သက်စွာနေလိုက်ပြီး ဘေးတစ်စောင်းလှဲနေရက်ကနေ တပျဉ်ခွေထိုင်ကာခန္ဓာကိုယ်ကိုကျုံ့နိုင်သမျှကျုံ့ထားလိုက်၏။"အာ...ရူးချင်လာပြီ...."
ခေါင်းတွေကိုခါရမ်းကာ သူ့ကိုယ်သူမညှာမတာနှိုပ်ဆက်မိသလိုပင်၊တွေးလေ ဘယ်အရာကိုအလိုမကျနေမှန်းကိုမသိတော့တာ"ရိပေါ်မင်းဘာဖြစ်နေတာလဲ...."
Bathrodeတစ်ထည်၊ဆံပင်ရေစက်လက်နဲ့ဖြစ်နေသည့် long legအမေးကိုရိပေါ်မဖြေချင်ရ်ျ
"ဒီအတိုင်း တစ်ခန်းလွတ်နေတာ၊ဒါကြောင့်မသိချင်ဟန်ဆောင်သွားလည်းဖြစ်တယ်...
မင်းလုပ်စရာရှိတာသွားလုပ်၊ငါ့ကိုစိုက်ကြည့်မနေနဲ့...၊အပျိုဖြန်းလေးလို ရှက်ပေးနေရအောင်လည်း ငါအားယားမနေဘူး""နားလည်ပြီဆိုသည့်သဘောဖြင့်သကောင့်သားက
သူ့လက်ထဲမှ သွားတိုက်သပွတ်တံကို ပါးစပ်ထဲပြန်ထည့်ပြီး အေးအေးလူလူပင် မိမိအရှေ့မှထွက်သွားသည်။ထို့နောက်ထိုးကိုက်နေတဲ့ ခေါင်းတခြမ်းကြောင့် စိတ်ရှုပ်သလိုဆံပင်တွေကိုဆွဲဖွာမိ၏။ဘယ်လိုရူးကြောင်ကြောင်နိုင်တဲ့အိမ်မက်ကြီးလဲ...
"အပြင်သွားရအောင် ဘေဘီ....
ကိုယ်တို့ ညစာအတွက်သွား၀ယ်ရအောင်၊မဟုတ်ရင်မင်းကိုစားမိလိမ့်မယ်..."နှုတ်ခမ်းသပ်ပြီး ပြောလာတဲ့အပြင်၊ အတော်လေးပင်ဟိုက်နေတဲ့ ရင်ဘတ်ကြောင့် ဒီကောင်အကျီကြယ်သီးတပ်ဖို့ လက်မပါဘူးလို့သာမှတ်ယူရင်း မျက်နှာလွှဲလိုက်သည်။
"ဘေဘီ.."
"Long legသောက်စကားပြောဆင်ခြင်..."
ဘေးနားမှ ခေါင်းအုံးဖြင့်မျက်ခွက်တည့်တည့်ကိုဖြတ်ရိုက်ပြီးသကာလ၊ရိပေါ်က စိတ်လေသောအကြည့်ဖြင့်ကြည့်မိသည်၊ဒါလည်းအထူအပါးနားမလည်တဲ့ ဒီကောင်ဖြုံမှာမဟုတ်...
YOU ARE READING
Story of my life
Fanficအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021