Unicode
အေးစက်စက်ခံစားမှုတို့သည်တစ်ဖန်ပြန်ခံစားလာရသည့်အတွက် ထုံကျင်နေသော ခြေထောက်တစ်ဖတ်ကို ကိုင်ကာ၊ ခန္ဓာကိုယ်ကို ထိန်းရင်း လှဲနေရာမှထလိုက်သည်။
မြင်နေရသောဘေးပတ်၀န်းကျင်သည် ကျယ်၀န်းသော ဟော ခန်း တစ်ခုလို့သတ်မှတ်လို့ရပြီး၊အနီရောင်ရှိသော လိုက်ကာ တို့ဖြင့်ကာ ထားသည်။
တုန်လှုပ်ခြောက်ခြားမှု၏အစသည် ရှောင်ကျန့်ရဲ့ ခြေထောက်အောက်မှသွေးကွက်တွေသာဖြစ်သည်၊ထိုသွေးကွက်တွေသည် နေရာအနံ့မှာပင်....
မိမိခန္ဓာကိုယ်မှ သွေးများလားလို့ထင်မှတ်မိပေမယ့်၊ နဖူး၊ လည်ပင်းမှ နာကျင်မှုအပြင် အောက်ပိုင်းတစ်ပိုင်းလုံးဟာ အကောင်းပကတိ သာ....
ဖြစ်ပျက်နေသမျှကိုမစူးစမ်းတော့ပဲ ထွက်ပေါက် ရှာရန် သာကြိုးပမ်းမိသည်၊ထိုဟော ခန်းကြီးထဲမှ ရှိသမျှ အခန်းငယ်တွေထဲ ထွက်ပေါက်များ ရှာတွေ့မလား အထင်ဖြင့် လိုက်ရှာမိ၏။
တဖြည်းဖြည်းမောပန်းလာသလို၊ မိမိရဲ့အသက်ရှုနှုန်းတွေကလည်း မြင့်တက်သထက်မြင့်တက်လာခဲ့သည်။
ထို့ နောက်အခန်းတစ်ခန်းထဲ၌မြင်ခဲ့ရသော မြင်ကွင်းသည်လည်း ရှောင်ကျန့်အား စွံ့အ စေ၏။
လက်ဖျားမှစလို့ ခန္ဓာကိုယ်တစ်ကိုယ်လုံး တုန်ယင်လာသည်ကို ခံစားမိပြီးနောက် ဒူးထောက်လျက်ပင် လဲကျမိသည်။အသက်မရှိတော့သောမိဘတွေကို ကြည့်ရင်း မငိုကြွေးနိုင်ခဲ့ပါ၊ အိမ်မက်ဆိုး တစ်ခုဖြစ်စေပြီး ထိုအိပ်မက်ကနေသာနိုးထဖို့အကြိမ်ကြိမ် အော်ဟစ်မိသည်၊ ရင်ခေါင်းတွင်းမှလှိုက်တက်လာတဲ့ အော်သံတွေကြောင့် လည်ပင်းထဲမှတစ်ဆင့် နာကျင့်မှုကိုခံစားရလာတယ်။
"ရိပေါ်..!"
ရုတ်တရက်ပင်မျက်လုံး တွေပွင့်လာခဲ့ပြီး၊ ထိုအရာဟာ အိမ်မက်ဖြစ်ကြောင်းသိရှိပြီးချိန်မှာ ရှောင်ကျန့်ရဲ့ခန္ဓာတစ်ခုလုံးဟာ ချွေးတရွှဲရွှဲနှင့်ဖြစ် နေခဲ့တယ်။
ထိုအချိန်တွေဆို သူ၀မ်ရိပေါ် အားလွမ်းရပါသည်။၀မ်ရိပေါ်သာရှိရင် သူအားလုံးရင်ဆိုင်နိုင်တယ်၊၀မ်ရိပေါ်သူ့ကို ဘယ်အချိန်မှာ စိတ်ပြေသွားနိုင်မလဲ...၊သူတို့အရင်လို ပြန်ဖြစ်ဖို့ ရှောင်ကျန့်ဘက်ကဘာတွေရင်းနှီးသင့်လဲ....
စသဖြင့် အတွေးပေါင်းများစွာ၀င်လာခဲ့သည်။

YOU ARE READING
Story of my life
Fanfictionအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021