Unicode
ရှောင်ကျန်..သောက်အဘိုးကြီး...
၀န်ဆောင်မှုညံ့တဲ့ကော်ဖီဆိုင်မှာ မိန်းကလေးတစ်ယောက်နှင့်ရှောင်ကျန့်ကို တွေ့တဲ့အခါမှာ ရိပေါ်အနည်းငယ်အံ့အားသင့်သွားခဲ့တယ်၊အမှန်က Tomaလှမ်းအကြောင်းကြားတာ ကြောင့်ရှောင်ကျန့်ရှိတဲ့နေရာကို ရိပေါ်သိရျ် လိုက်လာရခြင်းဖြစ်သည်။.
ပြန်ရောက်ရောက်ချင်း သူမျှော်လင့်ခဲ့တာနဲ့တော့တခြားစီဖြစ်နေခဲ့သည်၊သူက ပြန်ချင်လွန်းလို့ခရီးဆောင်အိတ်ကိုတောင် ဟိုမှာမေ့ကျန်ခဲ့သေးတာ..
မိန်းကလေးက နောက်ကျောပေးထားသည်ကြောင့်
ရိပေါ်သူမမျက်နှာကိုသေချာမမြင်ရပါ။"ရှောင်ကျန့်...! "
ရိပေါ်ကဆိုင်အ၀င်၀ကနေ ရှောင်ကျန့်ကိုလှမ်းခေါ်လာလိုက်တော့ ခေါင်းမော့လာတဲ့ရှောင်ကျန့်နှင့် မျက်လုံးချင်းဆုံမိသည်။
ရှောင်ကျန့်ရဲ့မျက်စံတွေက ရိပေါ်အား မြင်တော့ ဆောက်တည်ရာမရသလိုပင် ရွေ့လျားနေတယ်။"ကျွန်တော်ပြန်ရောက်ပြီ...အဲ့ဒါလှမ်းအသိပေးတာ... "
ရိပေါ်က ပြောပြီးသည်နှင့်လက်နှစ်ဖတ်ကိုဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ ခပ်တည်တည်နှင့်ဆိုင်ထဲကထွက်လာခဲ့တယ်၊အနည်းဆုံးတော့ ရှောင်ကျန့်ကမိမိရောက်နေကြောင်းသိသွားတော့ ရိပေါ်တစ်
ယောက်တည်းကြိတ်ခံစားနေစရာမလိုတော့ဘူးပေါ့..."ရိပေါ်..! "
"ဘာလဲ...! "
အရှေ့မှလာရပ်တဲ့ ထိုလူကို ဘောက်ဆက်ဆက်နှင့်ပြန်ဖြေလိုက်ပြီး..ဘောင်းဘီအိတ်ကပ်ထဲထည့်ထားတဲ့လက်တွေကိုလည်းရိပေါ်ကမထုတ်ခဲ့ပါ၊ ရိပေါ်ရဲ့ဆံပင်တွေက အနောက်ဘက်သို့ လှန်သိမ်းထားသည်ကြောင့် ရှောင်ကျန့် ရှိန်နေမည်ဆိုတာ ရိပေါ်ခံစားမိသည်။
"သူမ..သူမ..နာမည်ကယန်းမီ.... "
"ယန်းမီ.... "
ရိပေါ်ရှောင်ကျန့်လက်ညိုးထိုးပြသည့်နေရာကိုဖြတ်ခနဲကြည့်လိုက်မိသည်၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုမိန်းကလေးကလည်း ရိပေါ်ကို လှည့်ကြည့်လေသည်၊အရင်အတိုင်းဘဲသူမ ကြည့်ရဆိုးနေတာကြောင့် ရိပေါ်ဆက်မကြည့်နိုင်တော့ပေ။...
YOU ARE READING
Story of my life
Fanfictionအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021