Unicode
"ရယ်ရတယ် အိပ်နေတာတော့ချစ်စရာလေးလို့ထင်ရပေမယ့် ဒီကောင်ကတကယ့်လူဂွစာ ရှောင်ကျန့်ရဲ့ ၊အပေါက်ကလည်းဆိုးလွန်းတယ်၊ကမ္ဘာ ပေါ်မှာသူကြည့်ရတဲ့လူဆိုလို့ လက်ချိုးရေလို့တောင်ရတယ်"
"အားနေဆူပုတ်နေပြီး မျက်နှာကြီးကိုတည်ထားတာများ...ရှောင်ကျန့်ခင်ဗျားမမြင်ဖူးလို့ သိပ်ကိုအသည်းယားဖို့ကောင်းတာ...."
"နိုးလာရင်တော့ပုံမှန်လူဂွစာပြန်ဖြစ်သွားမှာ၊မစောင့်နိုင်တော့ဘူး... "
၀မ်ရိပေါ်ရဲ့နဖူးနားမှာ ဝဲနေတဲ့ဆံပင်တစ်ချို့ကို Tomaကသူ့လက်ဖြင့်ပွတ်သပ်ပေးရင်း တစ်စိမ့်စိမ့်ကြည့်နေတယ်၊Tomaရဲ့ညာလက်က ၀မ်ရိပေါ်ရဲ့ ပါးလုံးလုံးတွေကို လက်ညိုးဖြင့်ထိလိုက်တို့လိုက် ကစားနေသည်။
ဒီမြင်ကွင်းကရှောင်ကျန့်အတွက်အဆင်မပြေဘူးနဲ့တူပါတယ် အလိုလိုနေရင်းမျက်နှာလွှဲဖို့ကိုအကြိမ်ကြိမ်ကြိုးစားမိပြန်ရော...
မလိုအပ်ပါပဲလည်း လက်သီးကိုခပ်တင်းတင်းသာစုတ်ထားမိပြန်သည်။ရှောင်ကျန့်နဲ့၀မ်ရိပေါ်ရဲ့ဆက်ဆံရေးက၊ နမ်းခဲ့ဖူးတာထက်မပိုသော်လည်း....
ရှောင်ကျန့်ဘ၀မှာ ၀မ်ရိပေါ် နှုတ်ခမ်း တွေလောက်လိုချင်တပ်မက်ခဲ့တဲ့ အရာဆိုတာမရှိဘူး.... ၊စက္ကန့်တိုင်းကို နူးအိနေတဲ့ အောက်နှုတ်ခမ်းထူထူကို ဖိကိုက်ချင် နေဆဲပင်။ကိုယ့်ကိုယ်ကိုယ်တောင် ဂရုစိုက်တတ်တဲ့သူ မဟုတ်ပေမယ့်၀မ်ရိပေါ်ကိုတော့ သူ့အနားခေါ်ထားချင်မိတယ်။
ဒီအတွေးတွေက ရူးသွပ်လွန်းတယ် နောက်ဆုံးအကြိမ်
ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိသည့်စကားက၀မ်ရိပေါ်နဲ့ရှောင်ကျန့် ရဲ့ဆက်ဆံရေးက ဘယ်လိုအခြေအနေမှာ ရပ်တန့်နေမလဲဆိုတာ...
"ရိပေါ်ကိုနှိုးသင့်ပြီမဟုတ်လား Toma..မနက်11နာရီတောင်ထိုးပြီ...၊မနက်စာနဲ့နေ့လည်စာပေါင်းစားရမလိုတောင်ဖြစ်နေပြီ"
မနေ့ကတည်းက အိပ်ပျော်သွားခဲ့ပြီးတဲ့နောက် ပြန်နိုးလာတဲ့အချိန်မှာ သူ့ရင်ခွင်ထဲတိုးခွေ့နေတဲ့ ၀မ်ရိပေါ်ကြောင့် ရှောင်ကျန့်ဘယ်လောက်တောင် ပြုံးနေခဲ့ရသလဲ.....

YOU ARE READING
Story of my life
Fanfictionအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021