Unicode
"ကယ်ဗင်....ဘယ်သွားမလို့လဲ... "
မျက်လုံးဝိုင်းဝိုင်းတွေဖြင့် ရိပေါ်ကို စိုက်ကြည့်လာပြီးတစ်ခဏမှာ ထိုကလေးက အဖတ်မလုပ်သလိုပင် ရိပေါ်ကိုကျော်သွားသည်။
"ကယ်ဗင်ငါမေးနေတယ်လေ... "
လက်မောင်းအားလှမ်းဆွဲလိုက်တော့
လက်တောက်လောက်အရွယ်လေးက သက်ပြင်းချကာရိပေါ်အားစိတ်မကြည်သလိုကြည့်လာပြန်တယ်။"ရှောင်ကျန့်ကိုကိုဆီ စာသွားမေးမလို့ပါဆို... "
"ငါ့ကိုမေးလို့ရနေတာဘဲ...၊ငါရှိတာဘဲမဟုတ်ဘူးလား
ငါကမင်အကိုအရင်းလေ.. "'Leoက အားမှမအားဘဲ၊ လွှတ်ပါ သားအလျင်လိုနေလို့ပါဆို..."
အတင်းရုန်းကန်ပြီး ရိပေါ်လက်ထဲမှာ ပြေးထွက်သွား၏
စိတ်အနှောက်အယှက်ဖြစ်လွန်းလို့ အောက်နှုတ်ခမ်းကိုဖိကိုက်ထားမိတယ်။ရှောင်ကျန့်က ယန်းမီ ကိစ္စဖြစ်ပြီးကတည်းသူ့ကိုလျစ်လျူရှုထားသလိုကယ်ဗင်ကလည်း သူ့အပေါ်တွယ်ကပ်ခြင်းမရှိတော့ဘူး...
လူတွေနဲ့ဝေးဝေးနေမယ်ဆိုရင် သူ့အတွက်ကိစ္စမရှိဘူးလို့တစ်ခဏတော့ထင်ခဲ့ဖူးတယ်ဘာတွေမှားနေလဲဆိုတာအချိန်ယူစဉ်းစားဖို့ကိုတောင်၊ရိပေါ်မှာခက်ခဲလွန်းနေပြီ...
"ရှောင်ကျန့်... "
ရေဆာလို့ ရိပေါ်အောက်ထပ်သို့ဆင်းလာရင်း၊ မထင်မှတ်ဘဲ မျက်နှာသေနှင့် ထမင်းစားဝိုင်းမှာ ထိုင်နေသည့်ရှောင်ကျန့်ကိုတွေ့သည်၊ထထွက်သွားဖို့ပြင်တဲ့ ရှောင်ကျန့်ကြောင့်
ရိပေါ်တုန့်ဆိုင်းမနေပါဘဲနဲ့ ရှောင်ကျန့်လက်ကို ဆွဲလိုက်သော်လည်း၊ စိမ်းသက်သက်အကြည့်တွေကြောင့် ရိပေါ်လက်ကိုအမြန်ရုတ်လိုက်သည်။
ရိပေါ်ဘက်က ရှောင်ကျန့်ကိုလျစ်လျူရှုချင်တယ် မိမိအားအပြစ်သား တစ်ယောက်လိုစွတ်စွဲခဲ့လို့၊ တကယ်တမ်းမှာ
ရှောင်ကျန့်ရဲ့ မျက်နှာသာပေးမှုကိုမခံရတော့
စိတ်ထဲအလိုမကျသည်များက တဖြည်းဖြည်းတိုးလာသည်၊ ကိုယ်ကိုယ်တိုင်တောင် ဘာကိုဖြစ်လို့ဖြစ်ချင်နေမှန်းမသိအောင် ကျဉ်းထဲကျပ်ထဲမှာပင်...

YOU ARE READING
Story of my life
Fanfictionအနာဂတ်က လူတစ်ယောက်ဆီမှာ အပေါင်ခံထားရပြီးသား အနာဂတ္က လူတစ္ေယာက္ဆီမွာ အေပါင္ခံထားရၿပီးသား 14.11.2021