Story of my life(6)uni+zg

2.3K 161 3
                                        

Unicode

"ဆံပင်ဆိုးဆေးရှိလား.... "

ချောချောရှုရှု အိမ်ပြန်ရောက်ပြီးသကာလ ရိပေါ်ဘက်က ရှောင်ကျန့်အားပထမဆုံးစကားပြောခြင်း....
စက်ဘီးအားဂို‌ဒေါင်ထဲထည့်နေတဲ့ ရှောင်ကျန့်က ရိပေါ်ကို နားမလည်သလိုကြည့်လာတယ်

"ဘာဖြစ်လို့လဲ...... "

သူလုပ်စရာရှိတာလုပ်နေပြီး ရိပေါ်မေးခွန်းကိုအဖတ်မလုပ်သလိုပင်ရှောင်ကျန့်အပြုအမူတွေက ရိပေါ်ကိုစိတ်တိုစေခဲ့တာအမှန်။

"ဘာဖြစ်လို့လဲ၊ဘာဖြစ်လို့ဆိုးချင်ရတာလဲ "

ခြေထောက်တွေကအငြိမ်မနေပါဘဲ သမံတလင်းကိုပွတ်တိုက်နေတဲ့ပိုးဟပ်ဖြူကဝေ့လည်ကြောင်ပတ်လုပ်နေသည်ဟု ရှောင်ကျန့်ဘက်ထင်ချင်စရာပင်

စက်ဘီးကို ထောင့်တစ်နေရာတွင်‌ ရွေ့နေရင်း ရှောင်ကျန့်မသင်ကာသလို မျက်လုံးတွေဖြင့်ကြည့်မိ၏။

"ဆံပင်ဆိုးချင်လို့၊အနက်ရောင်ဆိုးချင်တယ်..... "

"မဆိုးရဘူး...
ဘာကြောင့်ဆိုးမှာလဲ၊မင်းကိုဘယ်သူက ဘာပြောလို့လဲ... "

ပိုင်စိုးပိုင်နင်း အပြုအမူတွေက လူကိုစိတ်အနှောင့်အယှက်ဖြစ်စေသည်၊ အမှန်ဆို ရှောင်ကျန့်ဆိုတဲ့လူနဲ့မတိုင်ပင်ခဲ့‌သင့်ဘူး....

တခြားနည်းလမ်းရှာပြီး မိမိရဲ့မူလဆံပင် အဝါရောင်ကိုပြောင်းလဲပစ်ရမယ်....
ရင်ထဲ၌ဖြစ်ပေါ်နေတဲ့ ခံစား ချက်တွေကဗြောင်းဆန်နေသည်၊ဒါကိုဘယ်သူမှမသိဘူး၊ သိစရာလည်းမလိုဘူး...

‌ဆက်ပြီးတောင်းဆိုနေရအောင်လည်း ရိပေါ်ကမာနခံနေသရ်ျ မျက်လုံးတွေမှေးကျဉ်းကာကြည့်နေတဲ့ ရှောင်ကျန့်ကိုထားခဲ့လိုက်ပြီး အိမ်ထဲသို့သာ ၀င်လာလိုက်တော့သည်။

ရှောင်ကျန့်ဘာဖြစ်ပြီး ကျန်ခဲ့မလဲဆိုတာသူမသိချင်
စိတ်သွားတိုင်းကိုယ်မပါသလိုမျိုရိ‌ ပေါ်ရဲ့ခြေလှမ်းတွေကလည်းလေးပင်နေခဲ့တယ်၊ လူလည်းအတော်လေးပြိုင်းနေပြီ ဆိုတာဘဲရိပေါ်သိသည်။

"Leoပြန်လာပြီလား..... "

အသံဆာဆာ သာကြားရပြီး အရင်လိုရိပေါ်အပြင်ကပြန်လာပြီဆိုရင် ပြေးလာကြိုတတ်တဲ့သူက အခုတော့ ပြေးလာဖို့မပြောနဲ့လှည့်တောင်လှည့်မကြည့်ပေ

Story of my lifeWhere stories live. Discover now